Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူသက်တမ်း ၁၂နှစ်ပြည့်ခဲ့ပါပြီ ဆိုတဲ့ ဆုဝဒီ နဲ့ သက်ဦးကို

Mrtv 4 ရဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ အများဆုံးတွေ့မြင်ရပြီး တခြားသောရုပ်ရှင် ဇာတ်ကားကြီးတွေမှာလဲ ပါဝင်သရုပ်ဆောင် ခဲံကြတဲ့ သရုပ်ဆောင် ဆုဝဒီနဲ့ သရုပ်ဆောင် သက်ဦးကို တို့ဟာ ချစ်သူတွေဖြစ်နေကြတယ် ဆိုတာ ဖွင့်ဟပြောကြားလာကြပါပြီ ။ သရုပ်ဆောင် ဆုဝဒီက ဇူလိုင်လ ၂၇ ရက်နေ့က သူတို့နှစ်ချစ်သူတွေဖြစ်ခဲ့ကြတာဟာ ၂၀၀၇ ခုနှစ်ထဲကဖြစ်ပြီး ခု၂၀၁၉ခုနှစ်မှာတော့ ချစ်သူသက်တမ်း ၁၂နှစ်ပြည့်ခဲ့ပြီ ဆိုတာနဲ့ ချစ်သူအပေါ် သူမ ဘယ်လောက်ထိ သစ္စာရှိတယ်ဆိုတာကိုလဲ ပြောပြခဲ့ပါတယ်။

သူမပြောပြ ထားတာကတော့ “ ကဲကြော်ငြာလိုက်ပီနော် ကိုယ့်ရဲ့အချစ်ရေး အမြဲမေးနေကြတဲ့သူလေးတွေ အစကတော့ ကိုယ့်ရဲ့အချစ်ရေးက ကိုယ်သူနဲ့လက်ထက်မှပဲ ပရိတ်သတ်ကို အသိပေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။အခုတော့ စိတ်ကူးပြောင်းသွားတယ်။ ပရိတ်သတ်ကို အသိပေးဖို့ဓာတ်ကျလာလို့ ? သူကမချောဘူး အရမ်းလည်းမချမ်းသာပါဘူး ။ ဒါပေမယ့် ကိုယ့်အပေါ် သူအမြဲတမ်း အရမ်းချစ်ပြီး အဖေတစ်ယောက်လို အကိုတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုရော ချစ်ခင်စောင့်ရှောက် စာနာ နားလည်မူ ပေးတယ်။ ကိုယ်က အချစ်ရေးအိမ်ထောင်ရေးကိစ္စနဲ့ပတ်သတ်လာရင် တဖတ်စွန်းရောက်တယ်ပြောပြော အစွဲကြီးတယ်ပဲပြောပြော ကိုယ့်ရဲ့သံယောဇဉ် ကိုယ့်ရဲ့ကိုယ်ကျင့်တရား ကိုယ် သူ့အပေါ်စောင့်ထိန်းဆင်ခြင်တဲ့သီလ သစ္စာတရား သေတဲ့ထိ တန်ဖိုးထား လွန်းတဲ့မိန်းမ ဖြစ်နေတယ်”

“ကိုယ်အရွယ်ရောက်လို့ရည်းစားထားတဲ့သူ ကိုယ့်ရဲ့ရည်းစားဦးသည် ကိုယ့်နဲ့လက်ထပ်တဲ့သူ တထပ်တည်းပဲဖြစ်ချင်ခဲ့တယ်။ အဲဒီစိတ်နဲ့ သူ့အပေါ် သစ္စာထားပြီး ဖြတ်သန်းခဲ့တာလည်း ခုဆို ၁၂နှစ် ရှိခဲ့ပြီး ပရိတ်သတ်ကို အသိမပေးခဲ့သေးတာလည်း ကိုယ့်အနုပညာတဖတ်နဲ့ ကိုယ့်မိဘ ငဲ့နေရသေးလို့။ ဒါပေမယ့် ခုတော့ ကိုယ့်စိတ်ခံယူချက် ပြောင်းပလိုက်ပြီ။ ပရိတ်သတ်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပဲ ရှိချင်တယ်။ အသက်အရွယ်တွေလည်း မငယ်တော့ဘူးလေ။ သူနဲ့ကိုယ် ဟိုးအောက်ခြေကနေ အခက်အခဲတွေ အဆင်မပြေမူတွေ စိတ်ညစ်စရာတွေ လောကဓံတွေ စိတ်အနှောင့်အယှက်တွေ ဘယ်လောက်ပဲရှိရှိ သစ္စာတရား သံယောဇဉ် ချစ်ခြင်းတရား စာနာ နားလည်မူတွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့တယ်”

“ ချစ်သူသဘာဝ ချစ်စခင်စနောက်ပိုင်း type မတူတာ ရှိရင်တောင် ရန်တွေဖြစ်ကြတယ် ။နောက်ဆုံး ချစ်တဲ့စိတ် သူမရှိရင် ကိုယ်မနေတတ် ကိုယ်မရှိရင် သူမနေတတ်တဲ့စိတ် မခွဲနိုင်တဲ့စိတ် သံယောဇဉ် စိတ်တွေ နဲ့ သူနဲ့ကိုယ်အတ္တ လေးတွေလျော့ ပြန်လည်းညှိနှိုင်း သုံးသပ်ပြီး ချစ်ခြင်းမေတ္တာ သစ္စာ တရား တွေနဲ့ ၁၂နှစ်လုံး နားလည်မူ တွေနဲ့ ဆောက်တည် ဖြတ်သန်းခဲ့တာ အသိုက်အမြုံ တစ်ခုလိုတောင် ဖြင့်ခဲ့ပါပြီ❤️ ကိုယ့်ဘဝ ကိုယ့်သမိုင်း ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းကြောင်းမှာလည်း ဒီနေ့ ဒီအချိန်ထိ နာမည်ပျက် အမဲစက်ဆိုတာ မရှိအောင် အခက်အခဲ အဆင်မပြေစရာတွေ ဘယ်လိုပဲရှိရှိ ဘဝကိုရိုးသားဖြောင့်မတ်စွာ စောင့်ထိန်းဖြတ်သန်းခဲ့တယ်”

“ကိုယ့်အချစ်ရေး အိမ်ထောင်ရေးအတွက်လည်း ရည်းစားစထားကတည်းက သူနဲ့ကိုယ် ခု၁၂နှစ်ထိ သူ့အပေါ် ကိုယ့်ကိုယ်ကျင့်တရား သစ္စာတရား သံယောဇဉ် တွေနဲ့အနစ်နာခံ ပေးဆပ် ဆောက်တည်လာတဲ့ အသိုက်အမြုံ ကိုလည်း ဘယ်လို အကြောင်းမျိုးနဲ့မှ ပျက်စီးအောင် လုပ်မှာမဟုတ်ဘူး ။ အပျက်အစီးလည်းမခံနိုင်ဘူး။ အဘိုးကြီးအဘွားကြီးဖြင့် တဲ့ထိ ဆက်လက်ဆောက် တည်သွားမယ်။ ခုလို ပြောပြတာ ကိုယ်ရည်သွေးပီး ပြောနေတာ မဟုတ်ပါဘူးနော်။ ကိုယ့်အချစ်ရေး အိမ်ထောင်ရေး စိတ်ထားကို ရင်ဖွင့်တာပါ။ ခုခေတ် အချစ်ရေး ခဏလေးချစ် ကြိုက် ကွဲ ညား ကြတာတွေ အဆင်မပြေကြတာတွေ လည်း ကိုယ်ချင်းစာမိတယ်။ အဲလိုဖြစ်ရင်လည်း ကိုယ်ဘယ်လိုမှ ခံနိုင်ရည်မရှိဘူး”

“ကိုယ်ကိုယ်တိုင် အဲလို စိတ်ကူးနဲ့တောင် အဖြစ်မခံနိုင်ဘူး။လက်တွေ့လည်း အဖြစ်မခံနိုင်ဘူး။ ဘယ်လို အခက်အခဲရှိရှိ အဆင်မပြေစရာ ရှိရှိ ချစ်ခြင်းမေတ္တာ သစ္စာတရား တွေနဲ့ တိုင်ပင် ညှိနိူင်း နားလည် စာနာမူရှိပြီး ဘဝမှာ သူတပါးကို မနစ်နာစေပဲ ကိုနဲ့ဆု ဘဝကို အမှားနည်းစွာ မှန်ကန်စွာ လျှောက်လှမ်းချင်တယ်။မှန်ကန်စွာ လျှောက်လှမ်းသွားမယ်။ ကိုယ့်သမိုင်းကိုယ် လှအောင်ရေး ချင်တယ်။ လှအောင်ရေးသွားမယ်။ အခုကစလက်ထက်မယ့်အချိန် မိသားစုဘဝ နောက် အဘိုးကြီးအဘွားကြီးဖြစ်တဲ့ထိ သစ္စာတရား ခွင့်လွှတ် နားလည် စာနာမူ သံယောဇဉ်တွေနဲ့ အတူ ရတုအဆက်ဆက် ဖြတ်ကျော်သွားမယ်။?❤️” လို့ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိပါတယ်။ သူတို့နှစ်ဦးက လိုက်ဖက်တယ် ဆိုရင်လဲ မျှဝေသွားဖို့မမေ့ပါနဲ့နော်။

Source – Su Wa Di ‘s fb

(Visited 1293 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ