Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူလေး live လွှင့်နေတာကို ဘေးကနေ မုန့်ခွံ့ကျွေးနေတဲ့ ထွန်းထွန်း

ရည်းစားများတဲ့ စော်ကြည်ဘဲအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင် ထွန်းထွန်းဟာ လက်ရှိမှာတော့ အရမ်းကိုကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရပါပြီးဖြစ်ပါတယ်။ သူဟာ ယနေ့မှာတော့ ချစ်သူကောင်မလေးက မုန့်စားရင်း live လွှင့်နေချိန်ဘေးကနေ မုန့်လေးခွံ့ရင်း ချစ်သူလေးအာဘွားလေးတွေပေးနေခဲ့ပါတယ်။

ထွန်းထွန်းဟာ ချစ်သူကောင်မလေးဘယ်သူဘယ်ဝါဆိုတာကိုတော့ ဖော်ပြခြင်းမရှိသေးပေမယ့် သူ့ကောင်မလေးကို သိပ်ချစ်တဲ့အကြောင်း လွမ်းတဲ့အကြောင်း၊ အနားမှာ အတူရှိလဲလွမ်းတယ် မရှိလဲလွမ်းတယ် ဆိုတဲ့ အကြောင်းတွေကို သူ့ရဲ့ My Day မှာ နေ့စဉ်နဲ့ အမျှရေးသားဖော်ပြလေ့ရှိပါတယ်။

ဒါပေမယ့် ယခုချစ်သူလေးရဲ့ live မှာတော့ မင်္ဂလာပါဆိုပြီး ဝင်နှုတ်ဆက်သွားပါတယ်။ သူတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ကိုကို နဲ့ဘေဘီ ဆိုပြီး ခေါ်ပုံရပါတယ်။

ချစ်သူကောင်မလေးက လေယာဥ်မယ်လေးလို့ သိရပြီး အရမ်းချစ်ဖို့ကောင်းနေပါတယ်။ ထွန်းထွန်းက ချစ်သူလေးကို အရမ်းချစ်ပုံရပြီး သီတင်းကျွတ်အချိန်အခါမှာတောင် သူက မိဘတွေဆီ ခေါ်သွားခဲ့တယ်လို့လဲ သိရပါတယ်။

Snow(mcc)

(Visited 9991 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ