Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူရဲ့ မွေးနေ့ပွဲမှာ Surprise ကြီးလုပ်ပေးခဲ့တဲ့ ကောင်းထက်ဇော်

ရုပ်ရှင်ကားတွေ ရိုက်ကူးမရှိပေမယ့် ရုပ်သံလိုင်းတွေရဲ့ အစီအစဉ်တွေမှာ အမြဲတမ်းတွေ့မြင်နေရပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ အစီအစဉ်တင်ဆက်သူကောင်းထက်ဇော် ယခုနောက်ပိုင်းမှာတော့ ချစ်သူအတွက် အချိန်ပေးလာပြီး သူ့ချစ်သူကိုလဲ အတိအလင်းချပြလာပါပြီ။ ချစ်သူကောင်မလေး ကတစ်ကယ့်ကို ချောချောလေး ဖြစ်နေပြီး မွန်မလေးဖြစ်တာကြောင့် အရမ်းကို ချစ်စရာကောင်းနေပါတယ်။

သူက ကောင်မလေးကို ဟန်နီလို့ခေါ်ပြီး ချစ်သူရဲ့မွေးနေ့ ဖြစ်တဲ့ သြဂုတ်လ ၂ရက်နေ့ မှာ သူထင်မှတ်မထားတဲ့ Surprise မျိုးနဲ့ အံ့သြသွားအောင်လုပ်ပြခဲ့ပါတယ်။ ချစ်သူလေးကတော့ ပျော်လွန်းလို့ ငိုခဲ့ရတဲ့ အထိပါဘဲ ။ ကောင်းထက်ဇော်တစ်ယောက် ချစ်သူကောင်မလေးကို သူ့ရဲ့မွေးနေ့မှာထဲက သွယ်ဝှိုက်သောနည်းနဲ့ ထုတ်ပြခဲ့ပေမယ့် ဘယ်သူကမှ မရိပ်မိခဲ့ကြပါဘူး။

ဒါပေမယ့် ယခုအခါမှာတော့ အတိအလင်းကို ချပြလိုက်တာဖြစ်ပါတယ်။ ချစ်သူကောင်မလေးနဲ့အတူပျော်နေတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်ပရိသတ်ကြီး အတွက် Surprise ဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါ တယ်နော်။

ကြည့်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးက မျှဝေသွားဖို့ မမေ့ပါနဲ့ ။

Source – Oasis Journal’s fbpage ,july moe’sfb

(Visited 47544 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ