Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူများနေ့မှာ အနားမှာမနေပေးနိုင်တဲ့ ချစ်သူအတွက် မမြတ်လေးရဲ့ အမှာစာ

ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီး ချောအေးမြတ်သူဟာ သူမချစ်တဲ့ ပရိသတ်တွေအတွက် အလှူအတန်းတွေလဲ ရက်ရက်ရောရော လုပ်ဆောင်တက် သလို ပရဟိတအလုပ်တွေနဲ့ဘဲ အမြဲ အချိန်ကုန်လေ့ရှိသူပါ။ သူမက ချစ်သူများနေ့မှာ အတူမရှိနေပေးနိုင်တဲ့ ချစ်ရသူအတွက် အမှာစကားပါးလိုက်ပါတယ်။

သူမပြောခဲ့တာကတော့ ” ကိုယ့်ကိုချစ်မယ့် …. ကိုယ်ရှိတယ်နော်…..မနေ့က ချစ်သူများနေ့လေး မှာ ကိုယ့်ကို ချစ်ပြီးကိုယ့်အနားမှာရှိနေတဲ့သူတွေရော….ကိုယ့်ကိုချစ်ပြီးကိုယ့်အနားမှာမရှိပေးနိုင်တဲ့သူတွေရော …အားလုံး /အားလုံး ကို မမြတ်လေး အရမ်းချစ်ပါတယ်ရှင်…ဘာရယ်မဟုတ် မနေ့ကဝတ်ဖြစ်တဲ့ ချည်သားပေါ့ပေါ့ပါးပါးလေး က ချစ်ဆုံး နှစ်သက်တဲ့ ပုံစံလေးများဖြစ်နေမလားရှင်”

“ချစ်သူတန်ဖိုးထားတဲ့ ကျမချစ်သောနေထိုင်မှုပုံစံလေးပါ။ာ ၃၆၅ရက်မှာ …. ဒီတရက်လေး မင်းအနားမှာ မရှိပေးနိုင်တာ ကို မမြတ်လေး နားလည်ပေးနိုင်ပါတယ်..အနာဂတ်ဖန်တီးကြမယ့်နေရက်တွေ မှာ အချိန်တိုင်းမင်းရှိနေပေးမယ်လို့ ယုံကြည်ပါတယ် ချစ်သူ…..” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အေးမြတ်သူက ” ချစ်တက်သူတွေအားလုံး အတွက် နေ့ရက်တိုင်း က ပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့လေး …ဖြစ်ပါစေရှင်…” လို့ဆိုပြီးလဲ ထပ်မံ ဆုတောင် းပေးခဲ့ပါတယ်။ ပရိသတ်ကြီးလဲ သူမတောင်းတဲ့ ဆုနဲ့ ပြည့်ကြပါစေနော်။

Snow(mcc)

(Visited 944 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ