Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူဖြစ်တာ တစ်နှစ်မပြည့်သေးကြောင်း ဖွင့်ပြောလာတဲ့ ခင်လေးနွယ်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးချော ခင်လေးနွယ်ဟာ သူမရဲ့အချစ်ရေးကို လွန်ခဲ့တဲ့ လပိုင်းတွေက လူမှုကွန်ယက်ကနေချပြလာခဲ့ပါတယ်။ အဲ့လိုချပြခဲ့တဲ့နောက်မှာ သူမရဲ့ က ဘယ်သူလဲဆိုတာကို စိတ်ဝင်စားခဲ့ကြတာကြောင့် ယခုအခါမှာတော့ အချစ်ရေးကို အတိအကျချပြလိုက်ပါပြီ ။

သူမ က ” ❤️💙 ချစ်သူ… အီးရှူ… 😁😁လွန်ခဲ့သော ၁၀ နှစ်က အမှားတစ်ခုနဲ့ သူရယ် မနေ့တစ်နေ့ကထိ အမှားပေါင်းများစွာနဲ့ကျမ ရယ်…ရှေ့ဆက်မမှားဖို့ ခွန်အားပေးရင်းနဲ့…❤️💙”လို့ ဆိုကာ ရေးသားခဲ့ပြီးနောက်မှာတော့ ချစ်သူသက်တမ်း ၁၀နှစ်ရှိပြီလို့ဆိုကာ ပရိသတ်တစ်ချို့ က ထင်မြင်ခဲ့ကြပါတယ်။

တစ်ကယ်တော့ သူတို့နှစ်ဦးဟာ ငယ်သူငယ်ချင်းတွေဖြစ်နေပြီး ချစ်သူသက်တမ်း ၁နှစ်မပြည့်သေးပါဘူး ဆိုတဲ့အကြောင်းကိုလဲ “ဟိုး ငယ်ငယ်ကထဲက ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း…ခုအသက်တွေကြီးလာတော့ ချစ်သူ…အသက်တွေ ဘယ်လောက်ကြီးကြီး..ချစ်သူဖြစ်တာ ၁ နှစ်မပြည့်သေးပေမယ့် ကိုယ့်လို လူဆိုးတစ်ယောက်ကို နားလည်ပြီး ချစ်ပေးတဲ့အတွက်…
ကျေးဇူးပါ…ချစ်သူ💙❤️” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ချစ်တဲ့ပရိသတ်တွေအနေနဲ့ ခင်လေးနွယ်တို့စုံတွဲကိုကြည့်ပြီး အားကြ​နေကြပြီမဟုတ်လား ။ ငယ်သူငယ်ချင်းတွေကနေ ဘဝလက်တွဲဖော်ဖြစ်လာတဲ့ စုံတွဲလေးတွေခေတ်စားလာတာမို့ ပရိသတ်တွေထဲမှာရော အဲ့လိုစုံတွဲလေးတွေရှိလား?

Snow(mcc)

(Visited 5241 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ