Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပါပြီ ဆိုတဲ့ အိမ့်ချစ်

ပရိသတ် အင်အားအခိုင်အမာ ဂီတလောကမှာ ရပ်တည်နေတဲ့ အဆိုတော် အိမ့်ချစ်ဟာ ယနေ့မှာတော့ သူချစ်ရတဲ့ ချစ်သူနဲ့ နှစ်ဖက်မိဘတွေရဲ့ရှေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးလိုက်ပါတယ်။ မင်္ဂလာဧည့်ခံပွဲကိုတော့ covid 19ကာလအပြီးမှာ ကျင်းပသွားမယ်လို့လဲ ပြောပြခဲ့ပါတယ်။

အိမ့်ချစ်ပြောပြခဲ့တာကတော့ ” မေတ္တာတရားတွေလွှမ်းခြုံပြီး ဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦး နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ “

“ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက ခါးသီးလွန်းခဲ့တယ်၊ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်းပင်ပန်းတဲ့ အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေးတစ်ခုလိုချင်ခဲ့တာ…ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကိုပိုင်ဆိုင် ခွင့်ရခဲ့ပြီ ❤️”

“မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့်ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့်”

“အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါလို့ ❤️ကျေးဇူးပါ။ ပုံလေးတွေထဲမှာလှနေအောင်လို့ မေတ္တာများအပြည့်နဲ့ ပံ့ပိုးပေးခဲ့ကြတဲ့သူများကိုလဲကျေးဇူးအထူးတင်ရှိပါတယ်ရှင်ပုံလေးတွေကကြိုရိုက်ထားခဲ့ကြတာပါ။ ဘာလို့လဲဆိုတော့လက်မှတ်ထိုးပြီးပြီးချင်းမှာပဲ ပုံလေးတွေတင်ချင်တာမို့ပါမထူးပါဘူး ပွဲမှမလုပ်ရတာဆိုပြီး ဆွမ်းကျွေးနေ့မှာ ဝတ်ဖို့လုပ်ထားတဲ့ ဝတ်စုံလေးနဲ့ပါရိုက်လိုက်တော့တယ်” လို့ဆိုကာ ရေးသားခဲ့ပါတယ် ။

အဆိုတော်အိမ့်ချစ်ဟာ အချစ်ရေးကို သိုသိုသိမ့်သိမ့်နေထိုင်တက်သူဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ပဲရစ်ကိုအလည် အပတ်စဥ် ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းတာကို ခံခဲ့ရပြီးနောက် ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ယနေ့မှာတော့ သူတို့နှစ်ဦးဟာ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တာကြောင့် ချစ်ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုံးနော်။

Snow(mcc)

(Visited 8302 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ