Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သူနဲ့ ပြတ်ဖို့ပြောခါမှ နောက်လူရှိနေကြောင်း သိခဲ့ရတယ် ဆိုတဲ့ မူးလာ

မြန်မာအိုင်ဒေါ ရဲ့ ပြိုင်ပွဲဝင် စောခရစ်မူးလာ ဟာ Country Week သီချင်းသီဆိုယှဉ်ပြိုင် တဲ့တစ်ပတ်မှာ မှ ချစ်သူနဲ့ ပြတ်ဆဲခဲ့ရတဲ့ ခံစားချက်နဲ့ သီဆိုရင်း မျက်ရည်ကျခဲ့ရတာနဲ့ပတ်သက်ကာ သူ့ရဲ့ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ သူဟာ အဲ့ဒီနောက်မှာတော့ ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး သူ အသိနောက်ကျခဲ့ရတဲ့ အကြောင်းကို ခုလိုဘဲပြောပြလာခဲ့ပါတယ်။

” ငင့် ကိုနဲ့ တွဲနေတုန်း သူများနဲ့တွဲနေတာ တစ်လရှိပြီတဲ့ ကိုကပြတ်ဖို့ ပြောမှ သိရတဲ့အဖြစ် …ပြတ်ဖို့ပြောတာတောင် မပြတ်ပါနဲ့ဘာညာငိုပြောလိုက်သေးတယ် လခွမ်း ” လို့ ဆိုပြီး သူ့ရဲ့ My Day မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

သူ့ရဲ့ချစ်သူကောင်မလေး Jen Jeng ကတော့ ” နှစ်ယောက်လုံးအနုပညာအလုပ်တွေ လုပ်နေကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်လို့ နားလည်မှုနဲ့ RS ကိုရပ်နားလိုက်တာကြာပါပြီ ။ချစ်ရတဲ့သူအားလုံးအမြင်ရှင်းစေချင်လို့ပါ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပေမယ့် ပြန်လည်ဖျက်ထားခဲ့ပါပြီ။

မူးလာကတော့ စိတ်ခံစားချက်တွေ ပြင်းထန်စွာ နာကျင်ခဲ့ပေမယ့် သူ့ရဲ့ သီဆိုမှုကိုအကောင်းဆုံး လုပ်ဆောင်နိုင်တာ​ကြောင့် top 7 အထိကိုဆက်လက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပြီ ဘဲဖြစ်ပါတယ်။ ဒါ့​အပြင် မူးလာက ” တယောက်ထည်းဖြစ်သွားတော့ မူလီလေးတွေကို အပြည့်အဝချစ်လို့ရသွားတာပေါ့ ” လို့ဆိုပြီးလဲ သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။

ကျေးဇူးတင်ပါတယ်ရှင့်။

Snow(mcc)

(Visited 17319 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ