Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်သက်တမ်း ၂၁နှစ်ပြည့် ကို မွန်မြတ်တဲ့ လက်ဆောင်ရခဲ့ပါတယ်ဆိုတဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ စမိုင်းတို့ဇနီးမောင်နှံဟာ အားကစားလုပ်တဲ့အချိန်မှာလဲ အတူတူလုပ်ဆောင်ကျလို့ လူငယ်စုံတွဲတော်တော်များများက အားကျအတုယူခဲ့ကြပြီး လိုက်လံလုပ်ဆောင်ခဲ့ကြတယ်။ သူတို့ဇနီးမောင်နှံဟာ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ကိုခံယူကာ ဘာသာတရားနဲ့ ပတ်သတ်တဲ့ အရာတွေလုပ်ဆောင်လာပါတယ်။

အရမ်းကို Ro ကျတဲ့ စုံတွဲအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီး တဲ့ စမိုင်းလ်တို့ စုံတွဲဟာ ယခုနှစ်ရဲ့ ချစ်သူများနေ့မှာတော့ အများနဲ့မတူ တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ခဲ့ကြပါတယ်။ အဲ့ဒါ ကတော့ ၁၅၀၀ ချစ်သက်သေအဖြစ် လူ ၁၅၀၀ ကို ရွှေတိဂုံ၊ကျိုက်ထီးရိုး ပို့ပေးခဲ့တာဘဲ ဖြစ်ပါတယ်။

စမိုင်းလ်ပြောပြခဲ့တာကတော့ ” Valentine’s Day နီးလာပြီ ဒီနှစ်တော့ဘာစပရိုက်မှမတိုက်ခိုင်းပဲ အဓိဌာန်အတွက်ပဲလုပ်ပေးဆိုလို့ ၁၅၀၀အချစ်သက်သေ လူ၁၅၀၀ကို ရွှေတိဂုံကျိုက်ထီးရိုးပို့ပေးတဲ့ယောကျာ်း မိန်းမရဲ့ ၁၅၀၀အချစ်အပြင် လူ၁၅၀၀ရဲ့မေတ္တာတွေ ကုသိုလ်တွေပါရမှာ🥰#ချစ်သက်တမ်း၂၁နှစ်လက်ဆောင် ” လို့ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ မွန်မြတ်တဲ့ကုသိုလ်ထူးတွေအတွက် ဆုမွန်ကောင်းတွေတောင်းပေးလိုက်ကြပါဦးနော် ။ ဖတ်ရူ့ပေးသူတွေကို ကျေးဇူးအထူး တင်ရှိပါတယ်။

Snow(mcc)

(Visited 663 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ