Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်ရင်အကျိုး ၊မုန်းရင်အပြစ်မို့ ထူးပြီးခံစားမနေပါဘူး ဆိုတဲ့ မယ်လိုဒီ

လတ်တလောလူမှုကွန်ယက် မှာ ဟစ်ဖြစ်နေတဲ့ သတင်းတစ်ခုနဲ့ ပတ်သက်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မယ်လိုဒီက ဖြေရှင်းချက်တစ်ချို့ကို ရေးသားဖော်ပြခဲ့ပါတယ်။ နိုင်ငံကျော်အဆိုတော် တစ်ဦးရဲ့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ရှိနေတာကြောင့် မယ်လိုဒီက အခြေအနေတစ်ခုကို ​ပြောပြလာပါတယ်။

မယ်လိုဒီ ပြောပြခဲ့တာကတော့ ” စိတ်လျော့ ညီမလေးရေ cb က စာလေးတွေ တင်လိုက်ပါလားရှင်းပြရတာ မောနေပါ့မယ်။ အစ်မတို့ အိမ်ထောင်ရေး ဘယ်အချိန်ကစ ဘယ်အချိန် အဆုံး သတ် လဲဆိုတာ အစ်မနဲ့အစ်မ အမျိုးသားနဲ့အသိဆုံးပါဘဲ ဘယ်အချိန်မှာ သူငယ်ချင်းဖြစ်ခဲ့လဲ ပြောပြပါဦး”

“တခြားသူတွေလဲရှိတယ် ပြောခဲ့တာကိုး အစ်မကပိုနာမည်ကြီးတော့ ပိုဂေါ်တာပေါ့ ဘာလဲ video call မှာ ဘာလုပ်နေကြလို့လဲ လာနောက်မနေနဲ့ ကိုယ့်အခြေအနေကိုယ်သိပါ လူတစ်ယောက်ဆီက လိုချင်တာတွေ မရတာနဲ့တစ်ရက်ကွက်လုံးကို ရန်လိုနေတာတော့များတယ်ကွယ်” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ခြင်း ပြောထားတဲ့ စကားတွေကို Ss ရိုက်ထားပြီး တင်ခဲ့ပေမယ့် မယ်လိုဒီကလဲ နာရီဝက်အတွင်း ပြန်ဖျက်သွားခဲ့ပါတယ်။ အဲ့ဒီပို့စ် ကိုတော့ ” စိတ်ထားမှန်ပါစေ ချစ်ရင်အကျိုး မုန်းရင်အပြစ်မို့ ထူးပြီးခံစားမနေဘူး ရက်စွဲတွေကို ရောထွေးရေးပြီး ပေးစားလိုက်ဦး” လို့ဆိုတဲ့ စာသားလေးနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။

မကြာသေးခင် ရက်ကလဲ မင်းသမီးမဖြစ်ခင်က ကလေးရှိခဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ညစ်စရာတွေကို ဖြေရှင်းခဲ့ရပါသေးတယ်။ ချစ်တဲ့ပရိသတ်တွေက မယ်လိုဒီအတွက် ခွန်အားဖြစ်စေမယ့်စကားလေးတွေနဲ့ နှစ်သိမ့်ပေးလိုက်ကြပါအုံးနော်။

Snow(mcc)

(Visited 13106 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ