Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်နွေ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို ရှင်းပြလိုက်တဲ့ ခြူးလေး

လက်ရှိ Mrtv 4 ရုပ်သံလိုင်းမှာ ပြသနေတဲ့ ချစ်ရပါသောနွေ ရုပ်ရှင်ဇာတ်လမ်းတွဲမှ ချစ်နွေ ဆိုတဲ့ကောင်မလေးက မြန်မာဝတ်စုံနဲ့ ပတ်သက်လာရင် မရိုးဘဲဆန်းတဲ့ ဖက်ရှင်မျိုးတွေနဲ့သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲမှာ ချစ်နွေဆိုတဲ့ ကာရိုက်တာကို ခြူးလးက သရုပ်ဆောင်ထားပြီး ဆံပင်ဖက်ရှင်နဲ့ အဝတ်အစားတွေ အသုံးပြုထားရတဲ့ အကြောင်းအရင်းကို ခုလိုဘဲပြောပြလာပါတယ်။

ခြူးလေးပြောပြတာကတော့ ” အဝတ်စားကလေ အရမ်း update ဖြစ်နေလို့ ကြည့်ရတာ အပြစ်ဖြစ်နေကြတယ် နဲ့တူပါတယ် ။သေချာတာ တစ်ခုက အရင်က style မဟုတ်ဘဲ အရမ်းဟော့နေတဲ့ ဒီဇိုင်းလေး ချုပ်ဝတ်ဖြစ်တာပါ ”

” ဆံပင်ကို ဘာလို့ အဲ့လို လုပ်ရတာလဲဆိုတာလည်း ဆက်ကြည့်နေရင်း သိလာပါလိမ့်မယ် …. ချစ်နွေကို ချစ်စရာလေးလို့ဘဲ မြင်မိပါတယ် ။ character တစ်ခုကို စီးမျောတဲ့နေရာမှာ မလိုအပ်ဘဲ နဲ့ ခြူးလေး ဘာမှ အပို မလုပ် ထားပါဘူးး ”

” တချိန်လုံး မြန်မာလိုဘဲ ဝတ်ရတဲ့ series တွေ ရိုက်နေရသူအတွက် တစ်ကားနဲ့တစ်ကား မထပ်ရအောင် ပိတ်စနဲ့ design စဉ်းစားရတာ ဘယ်လောက်ထိ ခေါင်းစားရလဲ ဆိုတာ ကိုယ်တိုင်ဘဲသိပါတယ် ” ဆိုကာ အသေးစိတ်ရှင်းပြလာပါတယ်။

ခြူးလေးကို ပရိသတ်တွေ စသိခဲ့ကြတာက ထာဝရမန္တလေး ဇာတ်လမ်းတွဲ မှ ငွေရည်နှင်းစက်အဖြစ် လူသိများခဲ့ပြီး အဲ့ဒီနောက် ကံကံ၏အကျိုးမှာ ရှု့မဝ၊ Happy Beach 2 မှာ ၊ ပန်းနုသွေး ၂မှာ ခြူးခြွေလီ ၊ လူရည်ချွန် မှာ ငွေနှင်းဖြူ- ၊ ပဉ္စလက်ရွာမှာ စိမ်းဝါ၊ ရသ မော်ကွန်း အလင်္ကာ မှာ အလင်္ကာ၊ ရွှေဖူးစာဆုံရာမြေမှာ ချိုချိုချစ် အဖြစ် ပရိသတ်တွေအခိုင်အမာရခဲ့ပြီး ယခုလက်ရှိမှာလဲ ချစ်ရပါသောနွေ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ချစ်နွေ အဖြစ် ပရိသတ်ကို ဘယ်လိုချစ်အောင် သရုပ်ဆောင်မလဲဆိုတာ ပရိသတ်ကြီးက စောင့်ကြည့်အားပေးကြပါအုံးနော်။

Source – Chue Chue’ sfb

(Visited 1581 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ