Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်စရာကောင်းအောင်ကပြနေတဲ့ ခေတ်နဲ့သစ် ရဲ့ ဗီဒီယို

ချစ်စရာကောင်းတဲ့ အမွှာလေးနှစ်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ မိခင် သရုပ်ဆောင် ချစ်သုဝေဟာ စိတ်ထားနူးညံ့ပြီး သိပ်ချစ်စရာကောင်းတဲ့ ခလေးမေမေတစ်ယောက်ပါ။ သူမဟာ သမီးလေးတွေနဲ့ကိုယ်ချင်းစာပြီး ကလေးသူငယ်တွေမှာကြုံတွေ့နေရတဲ့ အခက်အခဲကို ကူညီသလို ခုနောက်ပိုင်းဆို သက်ငယ်မုဒိန်းမှုတွေကိုပါ ပါဝင်ကူညီလာတာဖြစ်ပါတယ်။

သူတို့မိသားစုလေးရဲ့စိတ်ထားမွန်မြတ်မှုလေးကတော့ အံ့သြလောက်ပါပေတယ်။ အဲ့လိုစိတ်ထားလေးတွေကြောင့်လဲ သူတို့မိသားစုလေးဟာ ချစ်ခင်တဲ့ ပရိသတ်များစွာနဲ့ ရှင်သန်ရပ်တည်နေနိုင်တာလဲ ဖြစ်ပါတယ်။ ချစ်သုဝေမှာ သူမသမီးလေးတွေရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကနေဖော်ပြလေ့ရှိပြီး ယနေ့မှာလဲ ညီအစ်မနှစ်ယောက် ကနေတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ကနေတဲ့ဗီဒီယိုလေးဟာ တကယ့်ကိုချစ်စရာကောင်းပြီးကြည့်မိသူတိုင်း လဲ ချစ်မိသွားကြမယ်ထင်ပါတယ်။ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ချစ်စရာ အကလေးတွေကိုကြည့်ပြီး မေမေဖြစ်သူ ချစ်သုဝေကတော့ မှိုင်းနေတဲ့စိတ်တွေ သူတို့လေးတွေကြောင့် ပျော်နေရတယ်လို့လဲ ရေးသားထားပါသေးတယ်။

သမီးလေးတွေရဲ့ ဗီဒီယိုကိုကြည့်ပြီး ချစ်မိသွားပြီဆိုရင်တော့ မျှဝေပေးသွားကြပါနော်။ ကြည့်ရူ့ပေးသူအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်။

Source – chitthuwai’ fb

(Visited 724 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ