Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်စရာကောင်းတဲ့ သမီးချောလေးကို မွေးဖွားလိုက်ပြီ ဖြစ်တဲ့ သဥ္ဇာနွယ်ဝင်း

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် သဥ္ဇာနွယ်ဝင်းဟာ သူမချစ်တဲ့မိသားစုတွေနဲ့ အတူ နေထိုင်ရင်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို အကောင်းဆုံးဖန်တီးခဲ့တာလဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ သူတို့ရဲ့မိသားစုဘဝလေး ပိုပြီးပြည့်စုံခဲ့ပါပြီ။

ကို Steven Hla နှင့် သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း တို့ရဲ့ ဒုတိယမြောက်ရင်သွေး သမီးချောလေးကို victoria hospital မှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး မိခင်ရော က​လေးပါ ကျန်းမာပြီး သမီးလေးကလဲ အရမ်းကို ချစစရာကောင်းနေပါတယ်။

သဥ္ဇာ ကတော့ အစစအရာရာ ကူညီသူတွေကိူကျေးဇူးတင်စကားပြောခဲ့ပါတယ်။ သူပြောခဲ့တာကတော့ ” ဒီနေ့သမီးလေးကို အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ မွေးဖွားပြီးပါပြီ သဉ္ဇာ့ ရဲ့ OG ဒေါ်မြတ်မြတ်ဝါနဲ့ ကလေးအထူးကု ဒေါ်မြမြအုန်း ၊ victoria hospital နှင့် အမှတ်တရဓါတ်ပုံ မှတ်တမ်းတင်ပေးပါသော MY DREAM One Stop Wedding Service တို့ကိုကျေးဇူးအထူးတင်ပါတယ် မီဒီယာမှအကိုအမများလည်း My Dream မှာပုံတွေကို သွားယူလို့ရပါတယ်ရှင့်🥰 ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

သဥ္ဇာနွယ်ဝင်းကတော့ သားချောလေးတွေ သမီးချောလေးတွေကို ရရှိပိုင်ဆိုင်ထားတာမို့ တကယ့်ကို အားကျစရာကြီးပါနော်။ သူမက အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့် သူမရဲ့ပရိသတ်တွေကတော့ ယနေ့ချိန်ထိ အားပေးနေကြတုန်းပါဘဲ နော်။

သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလုက်ပါတယ်နော်။ ကြည်ရူ့သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 2089 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ