Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးနဲ့ ပွဲတက်လာတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ အကယ်ဒမီ၂ဆုရှင် ဝတ်မှုံရွှေရည်ဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေကို တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေခဲ့ပြီး မကြာသေးခင်ကမှလဲချင်းတောင်ကပြန်လည်ရောက်ရှိလာခဲ့တာလဲဖြစ်ပါတယ်။ ချင်းတောင်ကို ကိုရီးယားနိုင်ငံက မင်းသားမင်းသမီးတွေနဲ့ အတူ ” တိမ်ပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာဘဲ ဖြစ်ပါတယ်။

ခရီးကပြန်ရောက်ရောက်ခြင်းမှာဘဲ Thai Film Showbiz ပွဲလေးကို တက်ရောက်ခဲ့တယ်လို့လဲသူမကပြောခဲ့ပါတယ် ။ အဲ့ဒီ့အပြင် သူမ ပါဝင်ရိုက်ကူးခဲ့ပြီး အတော်လေးအောင်မြင်ခဲ့တဲ့ လိပ်ပြာ စံအိမ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယပိုင်းကိုလဲ မကြာခင်မှာ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ဒါ့အပြင်မကြာသေးခင်ကမှလဲ သူမ ရိုက်ကူးထားခဲ့တဲ့ နာရီကြော်ငြာတစ်ခုအတွက် ပိုစတာနဲ့ ပတ်သက်ပြီး အားပေးကြတဲ့ သူတွေရှိသလို ဝေဖန်သံတွေလဲကြားခဲ့ရပါတယ်။ သူမကတော့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကြော်ငြာရှင်ရဲ့သဘောနဲ့ ပရိသတ်တွေတောင်းဆိုမှုကြောင့် သူတို့အစီအစဉ်တိုင်း ရိုက်ကူးဖြစ်ခဲ့တာလို့လဲ သိရပါတယ်။

ဒီအကြောင်းအရာလေးကို ကစ်ကစ်ရဲ့ပရိသတ်ကြီးအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။ သူမရဲ့ဖက်ရှင်လေးကို ချစ်တယ်ဆိုရင် မျှဝေသွားဖို့မမေ့ပါနဲ့

Source – wutt mhone shwe yi’sfb

(Visited 489 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ