Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်စရာကောင်းတဲ့ ကလေးမေမေနှစ်ယောက်ရဲ့ ကြော်ငြာရိုက်ကွင်း

အမျိုးသားပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းကို တစ်ခဲနက်ရရှိခဲ့ကြတဲ့ သိပ်ချစ်စရာကောင်းတဲ့ မော်ဒယ်၊သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့မြတ်ရတနာကျော် ယခုချိန်မှာတော့ ကလေးတစ်ယောက်စီ ကိုယ်စီနဲ့ လူအများအားကျရတဲ့ မိသားစု ဘဝလေးတွေကိုပိုင်ဆိုင်ထားရတဲ့သူတွေလဲဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးဟာ သားလေးတစ်ယောက် မွေးထားပြီး ၊ မြတ်ရတနာကျော်ကတော့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားတာလဲ ဖြစ်ပါတယ်။

သမီးလေး Scarlett လေး ရဲ့ မေမေ နဲ့ သားလေး Liam လေးတို့ရဲ့ မေမေတို့ဟာ Hearty Heart ကနေ ထွက်ရှိလာမယ့် Product သစ်လေး အတွက် ကြော်ငြာရိုက်ကူးနေကြပါတယ်။ ကလေး မေမေတွေလို့ပြောပေမယ့် ကလေးလေးတွေလို ချစ်စရာကောင်းနေတဲ့ သူမတို့ နှစ်ယောက်ရဲ့ ပုံရိပ်တွေကို ချစ် ပရိသတ်တွေက ချစ်ခင်ကြမယ်လို့ ထင်မိပါတယ်။

မြတ်ရတနာကျော်ဟာ အာဘွိုင်းနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က လက်ထပ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ် ၉လပိုင်း မှာတော့ သမီးလေး Scarlett ကိုမွေးဖွားခဲ့ပြီး သမီးလေးက ခုဆိုရင် အသက် ၁နှစ်၃လခန့် ရှိနေပြီး သိပ်ကိုချစ်စရာကောင်းလာပါတယ်။

ယွန်းဝတီ လွင်မိုးကတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှာ လက်ထပ်ခဲ့ကြကာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ Liam လေးကို မွေးဖွားခဲ့ကာ သားလေးကတော့ ၁နှစ် နဲ့ ၄လကျော် အရွယ်ရှိပြီး သားလေးက လည်း ပရိသတ်တော်တော်များများရရှိနေပါပြီနော်။

ချစ်တဲ့ ပရိသတ်ကြီး တွေက မေမေ နှစ်ယောက်ကို ချစ်တယ်ဆိုရင် တစ်ခုခုပြောခဲ့ကြပါဦးလို့။ ယူတို့အသည်းက ယွန်းလေး ြမတ်လေးလား ဆိုတာပြောပြခဲ့ပါဦး။

Snow(mcc)
Source – Hearty Heart’s fb

(Visited 58032 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ