Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ချစ်စရာကောင်းစွာ ကြော်ငြာရိုက်ကူးနေတဲ့ ဖွေးစိန် နဲ့ ပိုင်တံခွန်

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းသမီးလဲဖြစ် အရမ်းလဲချစ်စရာကောင်းတဲ့ ပရိသတ်အချစ်တော် ဖွေးစိန်ဟာ ယခုအခါမှာတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ မော်ဒယ်၊သရုပ်ဆောင် ပိုင်တံခွန်နဲ့အတူ Bella ရဲ့ ကြော်ငြာကို ရိုက်ကူးပုံဖော်နေတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အကြည့်တွေနဲ့ အမူအရာလေးတွေက ပရိသတ်ကို အသည်းယားအောင် ဆွဲဆောင်နေသလိုပါဘဲ။ ယခုလို ချစ်စရာကောင်းတဲ့ ကြော်ငြာရိုက်ကွင်းပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရှု့နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဖွေးဖွေးဟာ မကြာခင်မှာတော့ ဒါရိုက်တာအောင်မြတ်နဲ့အတူ ဒေါင်း၊ခါရာ၊ မိုးဟေကိုတို့နဲ့ တွဲဖက်ကာ အချစ်ကားတစ်ကားကို ရိုက်ကူးပုံဖော်တော့မှာ ဖြစ်ပါတယ်။ အဲ့လို ပုံဖော်ရိုက်ကူးဖို့အတွက် သူမက ဝိတ်တွေချခဲ့ရတယ်လို့လဲ ပြောခဲ့ဖူးပါတယ်။

ပိုင်တံခွန်ကတော့ မကြာသေးခင် က မှထိုင်းနိုင်ငံမှာ Fan Meeting အဖြစ် ပြုလုပ်ပြီး ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့ကာ နောက်ပိုင်းမှာတော့ ပိုင်တံခွန်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှု့နိုင်တော့မယ်လို့ လဲ သိရပါတယ်။

ပိုင်တံခွန်နဲ့ ဖွေးဖွေး တို့ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်တွေကို ပရိသတ်တွေ ကြည့်ရှုှုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။ တံခွန် နဲ့ ဖွေးစိန်တို့ရဲ့ ပရိသတ်ကြီးရေ သူတို့နှစ်ယောက်ကို ချစ်တယ် ဆိုရင် မျှဝေပေးသွားကြပါဦး။

Source – Phway Phway’sfb , Paing Ta khon’s fb

(Visited 605 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ