Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခေတ်သစ်ဖောင်ဒေးရှင်းကြောင့် ကျန်းမာလာတဲ့ ကလေးငယ်များ

သရုပ်ဆောင် ချစ်သုဝေနဲ့ လင်းလင်းတို့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ မွေးရာပါနှလုံးအပေါက်ပါ ကလေးလူနာတွေကို တာဝန်ယူကုသပေးလေ့ရှိပြီး ယနေ့မှာ တော့ သူတို့ဖောင်ဒေးရှင်းကနေ ကျန်းမာလာပြီဖြစ်တဲ့ ကလေးနှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြလာပါတယ်။ အဲ့လိုဖော်ပြယုံသာမက အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်ဆိုပြီးတော့လဲ ပြောပြထားပါတယ်။

ဖောင်ဒေးရှင်းမှ ပြောပြထားတာကတော့ ” ဇွန်လအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှတာဝန်ယူ ကူညီပေးခဲ့သည့် မွေးရာပါနှလုံးအပေါက်ပါ ကလေးလူနာများ ကျန်းမာစွာဖြင့် နေထိုင်လျက်ရှိသည်ကိုတွေရသဖြင့် အင်မတန်ဝမ်းမြောက်မိပါသည် ”

” ခေတ်သစ်ဖောင်ဒေးရှင်းသို့ ယုံကြည်စွာဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြပါသော စေတနာရှင်များအား ကျေးဇူးအထူးတင်ရှိသလို ခွဲစိတ်မှုများအား အောင်မြင်စွာဆောင်ရွက်ပေးပါသော မွေးရာပါနှလုံးခွဲစိတ်ကုသရေး (ရန်ကင်းကလေးဆေးရုံ) အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ခေတ်သစ်ဖောင်ဒေးရှင်းမှ မှတ်တမ်းတင်အပ်ပါသည် ” ဆိုကာ ကလေးတွေရဲ့ပုံရိပ်တွေနဲ့အတူ ရေးသားဖော်ပြခဲ့တာလဲဖြစ်ပါတယ်။

ချစ်ရပါသော ပရိသတ်ကြီးအနေဖြင့်လည်း ခေတ်သစ်ဖောင်ဒေးရှင်းမှ လုပ်ဆောင်ချက်တွေကို မြင်တွေ့ရလို့ ဝမ်းသာပီတိဖြစ်မိကြမယ်ထင်ပါတယ်။ ဒီလိုမွန်မြတ်တဲ့စေတနာနဲ့လုပ်ဆောင်နိုင်ခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကို ဂုဏ်ပြုစကားပြောပေးခဲ့ကြပါအုံးနော်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – ခေတ်သစ်ဖောင်ဒေးရှင်း’s fbpage

(Visited 398 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ