Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခေတ်လေးနဲ့ သစ်လေး တို့ကြောင့်အမြဲကြည်နူးနေရတဲ့ မေမေချစ်သုဝေ

ပရိသတ်တွေကြားမှာ အရမ်းချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက် မေမေ ချစ်သုဝေကတော့ အသက်(၃၅)နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ သူမဟာ ထူးချွန်ထက်မြတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို မိသားစုတာဝန်ကိုလဲကျေပွန်စွာထမ်းဆောင်နိုင်တဲ့ အိမ်ရှင်မတစ်ဦးပါ။ သူမ ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေများစွာရှိနေတဲ့အပြင် ခေတ်နဲ့ သစ်ကို ချစ်တဲ့ ပရိသတ်တွေလဲ တိုးတိုးလာတာကြောင့် ချစ်ခင်အားသူတွေကြားမှာ တကယ့်ကို ချစ်စရာကောင်းတဲ့ မိသားစုလေးဖြစ်နေပါတယ်။ သူမက သြဂုတ်လ (၁၀)ရက်နေ့ကအသက်(၃၅)နှစ်ပြည့်ခဲ့ပြီး ဖြစ်ပေမယ့် ၃၅နှစ်လို့ မထင်ရလောက်အာင်ကို နုပျိုလှပနေသူလဲ ဖြစ်ပါတယ်။

ချစ်သုဝေက သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့အတူ သမီးလေးနှစ်ယောက်ရဲ့ မွေးနေ့သီချင်းဆိုပေးတဲ့ ဗီဒီယိုလေးတွေကိုပါ ပူးတွဲပြီးဖော်ပြခဲ့ပါတယ်။ သူရေးခဲ့တဲ့ စာသားလေးကတော့ “ ပန်းလှိုင်စီလုံဆေးရုံက မိခင်နို့တိုက်ကျွေးခြင်း ရက်သတ္တပတ် အထိမ်းအမှတ်အနေနဲ့ကျင်းပတဲ့ panel discussion ပွဲလေး..နို့တိုက်ကျွေးခြင်းဗဟုသုတတွေ အတွေ့အကြုံတွေကိုဝေမျှရ င်းမေမေတွေမေးသမျှဖြေရတာ မနေ့ကအတော်ပျော်စရာကောင်းခဲ့တယ်.. ချစ်စရာသိပ်ကောင်းတဲ့မိန် းမအပေါ်ကြင်နာတဲ့ဖေဖေေ တွလည်းတွေ့ခဲ့လို့ စိတ်ထဲအတော်ကျေနပ်မိတယ် ဝတ်စုံလေးကို ရိုးရာမပျက်အမြန်စီစဉ်ပေးလို့ကျေးဇူးပါ မင်းသက်ရေ” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ချစ်သမီးလေးနှစ်ယောက်နဲ့ ကိတ်ခွဲနေတဲ့ ဗီဒီယိုလေးကိုလဲ တင်ပေးခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးတွေရဲ့ မွေးနေ့ သီချင်းဆိုသံလေးတွေက ကြည်နူးစရာကောင်းလှပါတယ်။

ချစ်ပရိသတ်ကြီးလဲ ကြည့်ပြီးရင် ကြည်နူးရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Chit Thu wai’sfb

(Visited 570 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ