Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခေတ်ပျက်သူဌေး ဖြစ်ဖို့ ကြိုးစားနေသူတွေ ရှိနေတယ်လို့ ဆိုတဲ့ ဆောင်းဦးလှိုင်

ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားပြီး အဓိပ္ပာယ်ရှိတဲ့ သီချင်း တွေကိုဖန်တီးရေးသားလေ့ရှိပြီး သူ့သီချင်းတိုင်းကိုလဲ အရွယ်သုံးပါး ပရိသတ်တွေက အရမ်းကို ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူက သီချင်းရေးသား သီဆိုရုံတင်ကောင်းတာမဟုတ်ဘဲ ကဗျာတွေစာတွေရေးသားရာမှာလဲ အလွန်မှ ပညာသားပါသူတစ်ယောက်ပါ။

ယခုအခါမှာလဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ချို့ကို မှတ်စုတစ်ခုအနေနဲ့ ရေးသားလာပါတယ်။ ဆောင်းဦးလှိုင်ရဲ့ ပရိသတ်တွေ သိရှိနိုင်ကြစေဖို့ ” ကမ္ဘာသစ်ဆီ.. ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာလေးကို ဖော်ပြပေးလိုက်ပါတယ်။

” တကိုယ်ကောင်းသမားတွေ အတ္တကြီးသူတွေ ခေတ်ပျက်သူဌေးဖြစ်ဖို့ကြိုးစားသူတွေရှိကြတယ်။ တစ်ကမ္ဘာလုံးနီးပါးကပ်သင့်နေချိန်မှာတောင်ကိုယ့်အတွက်ဘဲ ကိုယ်ကြည့်သူတွေလည်းမနည်းဖူး….။ ကပ်ရောဂါကြီးပြီးရင် စီးပွားရေးပျက်ကပ်ကြီးလာဦးမယ်။လူမျိုးဘာသာ၊ဆင်းရဲချမ်းသာမရွေးခံစားကြရပါတော့မယ်…”

“ယုံကြည်ပါတယ်…သေချာပါတယ်…ကမ္ဘာကြီးနေပြန်ကောင်းလ တဲ့အချိန် လူယုတ်မာတွေအတွက်နေရာမရှိတော့ဖူး။ ကိုယ်ကျိုးရှာ အခွင့်အရေးသမားတွေမတော်လောဘစီးပွါးရေးသမားတွေအာဏာပါဝါငမ်းငမ်းတက်တွေအတွက် ကမ္ဘာသစ်မှာနေရာမရှိစေဖို့ အားလုံးတွန်းလှန်ပစ်ရပါမယ်။ အနစ်နာခံ၊ ကူညီဖေးမမယ့်လက်တွေ စေတနာမေတ္တာတွေနဲ့ဘဲကမ္ဘာဟာအသက်ဆက်ရတော့မယ့်အခြေအနေမို့ပါလေ” လို့ဆိုကာ မှတ်သားဖွယ်ရာ စာလေးကို သူ့အမြင်နဲ့ရေးသားဖော်ပြလာခဲ့ပါတယ်။

အဲ့ဒီမှတ်စုမတိုင်ခင်ကလဲ ကိုရိုနာ ကြောင့် ခွဲခြားဆက်ဆံမှုတွေ ၊ ရန်လိုခြင်းတွေ မဖြစ်စေဖို့ ရည်ရွယ်ပြီး ရေးသားထားတဲ့စာတစ်ချို့ရှိပါသေးတယ်။ အဲ့ဒါကတော့ ” ” မျှော်လင့်ခြင်း” ကိုရိုနာကြောင့် မည်သည့်လူမျိုး/လူသားကိုမဆို ခွဲခြားဆက်ဆံခြင်း ရန်ပြုခြင်းများလုံးဝ မလုပ်သင့်ပါ။ ထိုကူးစက်ရောဂါအစပြုခဲ့သောနိုင်ငံ၏ပုံရိပ်ကြောင့် ထိုလူမျိုးတို့မျက်နှာငယ်နေကြရသည်မှာ ဝမ်းနည်းဖွယ်ရာပင်။ သို့သော် ယခုရောဂါကပ်ဆိုးကြီးအပြီး ထိုလူမျိုးတို့သည် ၎င်းတို့၏နိုင်ငံတော်တွင် ဖိနှိပ်အုပ်ချုပ်သောနိုင်ငံရေးစနစ် မဟုတ်မမှန်သောစနစ်ဆိုးများ အုပ်ချုပ်သူများကို ပြတ်သားရဲရင့်စွာ တွန်းလှန်၍ လူ့လောကအလည် မျှတစွာ အုပ်ချုပ်သောအစိုးရမျိုးတင်မြှောက်နိုင်ကြပါစေ။ ပွင့်လင်းမြင်သာနိုင်ကြပါစေ။ မတော်မတရားစီးပွါးရှာခြင်းမှရုန်းထွက်နိုင်ကြပါစေ”

“ကျွန်တော်တို့အမိမြန်မာနိုင်ငံကဲ့သို့ အိမ်နီးချင်း နိုင်ငံငယ်လေးအပေါ် သယံဇာတဂုတ်သွေးစုပ်လိုစိတ်များလျော့ချနိုင်ပါစေ။လူသားအပေါင်းတို့အစစအရာရာအားထားယုံကြည်ကိုးစားနိုင်သောနိုင်ငံကြီးတစ်ခုဖြစ်လာပါစေ။ မှန်ကန်မျှတသောနိုင်ငံရေးစနစ်မဟုတ်လျှင်အာဏာရှင်ကဲ့သို့ကျင့်သုံးကြလျှင်မည်သို့ပင်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာပါစေvမျက်စိတ်တမှိတ်အတွင်းပြိုလဲပျက်စီးနိုင်ပါကြောင်း လူ့သမိုင်းရာဇဝင်အဆက်ဆက်တို့က သက်သေပြခဲ့ပြီးဖြစ်သလို သက်သေပြနေဆဲဖြစ်ပါကြောင်းတိုက်တွန်းရေးသားလိုက်ပါသည် ” တဲ့။

အဲ့နောက်မှာတော့ “လူသားတိုင်းငြိမ်းချမ်းတိုးတက်ကြပါစေ။ ကပ်ဘေးတို့မှလွတ်မြောက်ကြပါစေ။ 🙏🙏🙏” လို့ ဆိုကာ ဆုတောင်းမေတ္တာပို့သပေးခဲ့ပါတယ်။ ဆောင်းဦးလှိုင်ရဲ့ စာတွေကို ဖတ်ပြီး သဘောကျသူတွေက မျှဝေသွားဖို့မမေ့ပါနဲ့နော်။ ကိုရိုနာ နဲ့ပတ်သက်ပြီး ကပ် ဆိုတဲ့သီချင်းတစ်ပုဒ်ကိုလဲ ဖန်တီးရေးသားထားတယ်လို့သိရပါတယ်။

Snow(mcc)

(Visited 1677 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ