Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခေတ်ဆန်တဲ့ ပြင်ဆင်မှုတွေအောက်မှာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ စိုးမြတ်နန္ဒာ

ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ ချာကိုး ဆိုပြီး နာမည်တွင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် စိုးမြတ်နန္ဒာဟာ တစ်ချိန်က သူရဲ့ခေတ်တစ်ခေတ်လိုဖြစ်ခဲ့ပြီး သူဝတ် တဲ့ အဝတ်အစားတွေ ၊ ဆံပင်ပုံစံတွေကအစ ပုံတူတွေလိုက်ညှပ်ကြတဲ့အထိပါဘဲ။ သူက ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်တော့ဘဲ စီးပွားရေးလုပ်ကိုင်နေပြီး အားလပ်ချိန်တွေမှာ ဘာသာရေး အလုပ်တွေလဲ လုပ်ဆောင်နေသူပါ။

စိုးမြတ်နန္ဒာဟာ ညိုချောလေးအဖြစ်နာမည်ကြီးခဲ့သူဖြစ်ပြီး သရုပ်ဆောင် ပိုင်းမှာလဲထူးချွန်သူဖြစ်တာကြောင့် အကယ်ဒမီထူးချွန်ဆုနှစ်ဆုကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ် ။သူက အချစ်ကိုမွေးဖွားခြင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ချစ်ခြင်းငယ်ပြိုင် ရုပ်ရှင်ဇာတ်ကားကြီး တွေနဲ့ အကယ်ဒမီ ထူးချွန်ဆု ကြီးကို ရရှိပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။

ယနေ့မှာတော့ ခေတ်ဆန်တဲ့ အပြင်အဆင်နဲ့ အမိုက်စားအလန်းစားပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူရဲ့ အရမ်းလှနေတဲ့ပုံရိပ်တွေကြောင့် ပရိသတ်တွေအားလုံးကအံ့သြမှင်သက်သွားစေခဲ့ပါတယ်။ မတွေ့ရသေးတဲ့ ချစ်ပရိသတ် တွေအတွက် ဒါဒါရဲ့ ပုံလှလှလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)

(Visited 4012 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ