Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခုခေတ်မှာ ယောင်္ကျားတွေပါ စနှိုက်ကျော်တတ်ကြတယ် လို့ ပြောလိုက်တဲ့ ဇေရဲထက်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့ အနုပညာလောကထဲမှာ ရောက်ရှိလာခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဇေရဲထက်ဟာ မကြာသေးခင်ကမှ သူ့ရဲ့ချစ်သူကောင်မလေးကို ပရိသတ်ကို ထုတ်ကြွားခဲ့တာပါ။ သို့သော် ယခုအခါမှာတော့ သူ့ရဲ့ချစ်သူကို စနှိုက်ကျော်ချင်နေတဲ့ သူတစ်ချို့ရှိနေကြောင်း ထုတ်ပြောလာပါတယ်။

သူက ” ဪ ငါ့ကိုသာ မစားရဲအမဲသဲနဲ့ပတ်နေကြတာ ငါ ချစ်သူကျတော့ သွားသွားပြီး အီနေကြတာ လူတွေများကွာ အေးလေ အရင်ကတောင်အားယားနေတာ အခုဆို ပိုအားယားနေမှာပေါ့ သိထားဖို့က ဇေရဲဆိုတဲ့ကောင်က ချစ်ရင်သူများထက်ချစ်တတ်တယ်။ ဒါပေမယ့် ဖောက်လွဲှဖောက်ပြန် လုပ်လို့ကတော့ sorry ပဲချစ်သူကိုမယုံလို့မဟုတ်ဘူး”

“အခုခေတ်ကိုက သိတယ်မလား လူစိတ်မရှိတဲ့မိန်းမတွေတင်မဟုတ်ဘူး ယောင်္ကျားတွေပါ စနှိုက်ကြော်တတ်ကြတယ်။ ချစ်သူ မင်းခံနိုင်ရည်ရှိအောင်ကြိုးစားပါ ❤️❤️❤️ ဘဝမှာ ယောင်္ကျားပေါတယ် ယောင်္ကျာစိတ်မရှိပဲ မိန်းမလိုမိန်းမရ အောက်တန်းကျတဲ့ ယောင်္ကျားက ၃ပုံ ၂ပုံရှိတယ် ”

” ရည်စား မိန်းမ တယောက်ကိုအတူအိပ်တတ်မှ ယောင်္ကျားမဟုတ်ဘူး ယောင်္ကျားဆိုတာ လုပ်ရဲရင်ခံရဲရမယ် စကားပြောတာကအစ ရဲရင့်ရမယ် ပြတ်သားရမယ်စကားကိုမိန်းမလိုမိန်းမရမရှုပ်ရဘူး အချိုအချောင်မနိုက်ရဘူး ဒါပဲ ကျန်တာ ကိုယ့်ဘာသာဆက်ရေးကွာ”လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဇေရဲထက်ဟာ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အနုပညာအလုပ်တွေ ခေတ္တရပ်နားထားပြီး မိဘနဲ့ ချစ်သူကို အချိန်ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လိုအပ်တဲ့နေရာတွေကို တက်နိုင်သလောက်လှူဒါန်းပေးနေတာလဲ တွေ့ရပါတယ်။

Snow(mcc)
Source – zayye htet’sfb

(Visited 1885 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ