Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခင်ဗျား တို့ထင်နေတဲ့ အဲ့မင်းသမီးနဲ့ ပြတ်တာကြာပြီလို့ တည့်ပြောလာတဲ့ တိုင်ရွန်

Body အမိုက်စားကြီးနဲ့ ပရိသတ်တွေချစ်ကြတဲ့ တိုင်ရွန်က အနုပညာလုပ်ငန်းတွေကို အဓိကလုပ်ဆောင်ရင်း သူ့ရဲ့ ဘဝကို ပျော်စရာကောင်းအောင် ဖြတ်သန်းနေခဲ့တာဘဲ ဖြစ်ပါတယ်။ သူက မိန်းကလေးကိစ္စနဲ့ပတ်သက်ပြီး သတင်းထွက်ခဲတဲ့ အနုပညာရှင်တစ်ယောက်လို့ဆိုရမှာပါ။ ဟိုတလောက်မှ ပရိသတ်တွေကြားမှာ နိုင်ငံကျော်မင်းသမီးတစ်ယောက်နဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် မင်းသမီးဘက်ကလဲ ခပ်ပါးပါးလေးငြင်းဆိုခဲ့ပါတယ်။

အဆိုပါကိစ္စတွေမတိုင်မှာ တိုင်ရွန်က အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းရတာကြိုက်သလို သူ့အနေနဲ့ တိတ်တိတ်ပုန်းတွဲရတာကိုလဲ သဘောမကျဘူး၊ အဲ့လို တွဲတဲ့အခါ မိန်းကလေဘက်ကိုလဲ အားနာတယ်၊ သူကလဲ ဒါ သူမရဲ့ ချစ်သူပါလို့ပြောချင်မှာဘဲလေ အာ့ကြောင့် အတိအလင်းဘဲတွဲချင်တယ်လို့ ဆိုကာ သူရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး သူ့ခံယူချက်ကိုပြောပြခဲ့ဖူးတာပါ။

ဒါပေမယ့် သူက “ ခင်ဗျားတို့ပြောနေတဲ့ အဲ့မင်းသမီးနဲ့ ပြတ်တာကြာပြီ ok? လိုက်နေတယ်ဆိုတဲ့ တလွဲတွေ တော်တော့” ဆိုပြီး သူ့ရဲ့My Day မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူဟာ Aroma ရဲ့ (၈)ကြိမ်မြောက်ပွဲမှာ ပပဝတီဆိုတဲ့ ဝတ်စုံလေးကို အိချောပိုနဲ့အတူ တွဲဖက်ခါ ရှိုးလျှောက်ခဲ့ပြီး သူတို့နှစ်ယောက်ကို လိုက်ဖက်ညီတယ် ဆိုကာ ပရိသတ်တွေက ချီးကျူးခဲ့ပါသေးတယ်။ တိုင်ရွန်ဟာ မကြာသေးကမှ ငါတို့သည်ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်မှာလဲ သူက ရုပ်ရှင်ကားတွေများစွာရိုက်ကူးြ့ပီးကာ ရုံတင်ပြသခဲ့ပြီးလဲ ဖြစ်သလို သူ့ကို ပရိသတ်တွေသိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုကတော့ မနေ့ကဖြစ်သည် ဆိုတဲ့ ဇာတ်လမ်းတွဲဘဲ ဖြစ်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ တိုင်ရွန်ရဲ့ ပရိသတ်ကြီးရေ စိတ်ဆိုးနေတဲ့ တိုက်ရွန့်ကို အားပေးစကားပြောပေးခဲ့ပါဦးနော် ။

Source – tyron bejay’s my day

(Visited 3183 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ