Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခင်ပွန်းဖြစ်သူ ဏကြီး က သူမရဲ့ crush ဖြစ်ကြောင်းပြောပြခဲ့တဲ့ ပိုင်ဖြိုးသု

မီ မောင်နှံဆိုပြီး ပရိသတ်တွေ ချစ်ကြတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု နဲ့ ဏကြီးတို့ ဟာ အရမ်းကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။ ခုချိန်မှာတော့ ပိုင်ဖြိုးသုဟာ ကျောင်းတက်ဖို့အတွက် New York ကိုရောက်ရှိနေခဲ့ပြီး ယောကျာၤးဖြစ်သူကတော့ ရန်ကုန်မှာကျန်ရှိခဲ့လို့လွမ်းနေကြရတဲ့ အချိန်လေးပေါ့။ သူမက ခုခါမှာတော့ သူငယ်ချင်းတွေကိုလဲ သတိရနေကြောင်းနဲ့ ဏကြီးနဲ့ သူတို့ကြားက လျို့ဝှက်ချက်လေးကို ပြောပြလာပါတယ်။

သူမပြောပြခဲ့တာကတော့ ” သူစိမ်းအိမ်ကြော်ငြာတွေတက်လာတိုင်း ဝမ်းနည်းတယ်…. အထူးသဖြင့် လက်မှတ်တွေအများကြီးဝယ်ပြီးသူငယ်ချင်းတွေနဲ့ သွားကြည့်ဖို့ ချိန်းနေကြတဲ့postတြွေမင်ရင်ပိုပြီးစိတ်မကောင်းဘူး….ကိုယ်တွေကအဲ့လိုသွားကြည့်လို့မရတော့အောင်တကယ့်တကွဲတပြား…ရန်ကုန်တောင်ကြီး_New Yorkဘယ်လိုချိန်းကြည့်ကြမလဲ???ရန်ကုန်မှာနေတဲ့လူအချင်းချင်းတောင် အလုပ်အားချိန်တိုက်ဆိုင်ဖို့မနည်းချိန်းကြရတာ…”

“Conjuring 1တင်တုန်းက Junction Squareမှာသွားကြည့်ကြရင်းရုံထဲမှာအပြိုင်အော် ခဲ့ကြတာတွေလွမ်း တယ်….ကြောက်စရာအရမ်းကောင်းတဲ့ရုပ်ရှင်တွေ ကြည့်ရတိုင်း နင်တို့ကိုလွမ်းတယ်…သူစိမ်းအိမ် နင်တို့ကိုလိုက်ပြချင်တာ….ငါတို့ ဆေးကျောင်းတုန်း ကတွဲတဲ့တစ်အုပ်ကြီး ရုံထဲမှာအတူသွားအော်ချင်တာ…ဖြူစင်မနဲ့ အနှင်းမ မှတ်မိသေးလားငါတို့ Conjuringကြည့်ပြီးရုပ်ရှင်ရုံထဲကအထွက် အကြောက်ပြေChewy Juniorမှာမုန့်ထိုင်စားနေတုန်းအရှေ့ကJapan‌ခေါက်ဆွဲဆိုင်မှာသူငယ်ချင်းတွေနဲ့မုန့်ထိုင်စားနေတဲ့အကိုကြီးကိုပြပြီးငါနင်တို့ကိုပြောတာလေအဲဒါဖျာပုံမှာကားသွားရိုက်တုန်းကတွေ့ခဲ့တဲ့ ငါcrushတဲ့ “

” DOPအကိုကြီးဆိုပြီးလေ…နင်တို့ကလှမ်းရီပြလိုက်ပါလားပြောတော့ အဲ့လူကြီးငါ့ကို‌တောင် မှတ်မိမှာမဟုတ်ဘူးဆိုပြီးအတင်းနင်တို့နဲ့ကွယ်ထားပြီးချောင်းကြည့်တာလေ…?တကယ်ပါဟယ် …အဲ့အချိန်တုန်းကတစ်ချိန်မှာ နင်တို့တွေကငါနဲ့အဝေးကြီး ကိုရောက်သွားကြပြီး… အဲ့လူကြီးက ငါ့နားမှာ တစ်သက်စာရောက်လာမယ်လို့ စိတ်တောင်မကူးမိဘူး…?အခုတော့သရဲကားကြည့်တိုင်း ငါ့နားမှာအ‌တူလိုက်အော်ပြီ‌း ကြောက်ပေးကြတဲ့နင်တို့ကအဝေးမှာ…ငါ့မှာတော့ အဲ့ခြောက်တတ် လှန့်တတ်တဲ့သူကြီးအနားထားပြီးသရဲကားတွေကြည့်နေရတယ်….? ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်ကနေရေးသားခဲ့ပါတယ်။

ချစ်စရာကောင်းအောင်ရေးထားတဲ့ ပိုင်ဖြိုးသုရဲ့ စာလေးဖတ်ပြီး သဘောကြတယ်ဆိုရင် မျှဝေသွား ဖို့မမေ့ပါနက်နော်။ ဖတ်ရှု့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – paing phyo thu’s fb

(Visited 2245 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ