Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခင်ပွန်းနဲ့ လမ်းခွဲခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်ထဲကပါလို့ တိတိ ကျကျ အသိပေးလာတဲ့ မယ်လိုဒီ

ပရိသတ်တွေကြားမှာရေပန်းစားပြီး ဝေဖန်စရာတစ်ခုလို ဖြစ်နေတဲ့ မယ်လိုဒီရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ပတ်သက်ပြီး သူမအနေနဲ့ သားနဲ့ မိဘဖြစ်သူတွေရဲ့ မျက်နှာကိုထောက်ထားခဲ့တာကြောင်း လမ်းခွဲ ခဲ့တဲ့ အချိန်က ချက်ခြင်းအသိမပေးဖြစ်ခဲ့ကြောင်းကို ယနေ့မှာတော့ ​တိတိကျကျပြောပြလာပါတယ်။

သူက ” စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီးကို အသိပေးပါရစေရှင် ကျွန်မ အနေနဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက အမျိုးသားနဲ့ လမ်းခွဲခဲ့ကြတာပါ..သားလေးနဲ့ မိဘများရဲ့မျက်နှာ၊ ထောက်ထား စရာတွေရှိတာကြောင့်သာ တရားဝင်မထုတ်မပြောခဲ့တာပါ တစ်မိုးအောက်ထဲ၊ မိဘများနဲ့အတူ လွတ်လပ်စွာနေထိုင်ခဲ့ကြတာ ကာလအတော်ကြာပြီဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတွေ သိကြပါတယ်”

” သားလေးကိစ္စရှိတာပဲဖြစ်ဖြစ်၊ ပွဲလမ်းတွေရှိခဲ့တာပဲဖြစ်ဖြစ် သူနဲ့ကျွန်မက သားလေးရဲ့မိဘအနေနဲ့ရော၊ မိတ်ဆွေကောင်းအနေနဲ့ရော မိသားစုလို ပုံမှန်သွားလာတာလည်း ရှိခဲ့ကြပေမယ့်လည်း နှစ်ဦးစလုံးဟာ လွတ်လပ်သူ၊ အမှီအခိုကင်းသူအနေနဲ့ သီးခြားရပ်တည်ခဲ့ကြတာပါ၊ တရားဝင်လွတ်လပ်ကြသူတွေမို့လည်း တစ်ယောက်နဲ့တစ်ယောက် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ရေး ကိုယ်တာကိစ္စကအစ စွက်ဖက်မှုလည်း မလုပ်ကြပါဘူး..”

“အနှောင်အဖွဲ့ကင်းတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကျွန်မရဲ့ ရပ်တည် မှုမှာ ဘယ်သူ့ကိုမှ ဘယ်မိသားစုကိုမှ ထိခိုက်စေခြင်းလည်း မရှိခဲ့တာတော့ သေချာပါတယ်။ တရားဝင်လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်နဲ့ ပက်သက်မှုရှိခဲ့ရင်လည်း လွတ်လပ်သူတွေဖြစ်တဲ့အတွက် လူမှုကျင့်ဝတ်ဖောက် ဖျက်ခဲ့တာမရှိပါဘူး..လွတ်လပ်သူတွေအနေနဲ့ ကိုယ်ပိုင်သီးခြား ရပ်တည်နေတာဖြစ်ပါတယ်..”

” စိတ်ပူပေးကြတဲ့ ပရိသတ်ကြီးကို နောက်ဆုံးအနေနဲ့ ပြောပြချင်တာလေးပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သီးခြားလွတ်လပ်စွာရပ်တည်နေတဲ့ ကျွန်မအတွက် စိုးရိမ်ပူပန်ပေးသူများရော၊ အထင်လွဲမှားနေသူများရော၊ အားလုံးပဲ အေးချမ်းကြပါစေ.. သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ကြပါစေရှင်🙏🏻🙏🏻🙏🏻” လို့ ဆိုကာ သူ့ရဲ့ လက်ရှိ ရပ်တည်မှုနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

မယ်လိုဒီ ဟာ လက်ရှိမှာတော့ သားလေးနဲ့အတူ အေးချမ်းတဲ့ ဘဝလေးကိုတည်ဆောက်နေပြီး သူ့ရဲ့ ဘဝမှာ သူကသာ ဘုရင်မ ဖြစ်တယ်လို့လဲ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ရေးသားပြောပြခဲ့ဖူးပါတယ်။ Single Mom တစ်ယောက်ဖြစ်နေပေမယ့် သားအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ မေမေမျိုးကို ချစ်ပရိသတ်တွေက အားပေးစကားပြောခဲ့ကြပါအုံးနော်။

Snow(mcc)

(Visited 10272 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ