Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ခင်ပက်ပက်စက်စက်တိုးလေးကို မှတ်မိကြသေးလား ပရိသတ်ကြီး

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ခေတ်စားနေတဲ့ အမျိုးသားတွေရဲ့ မျက်နှာကို အမျိုးသမီးတစ်ယောက်လို ပြင်ဆင်နိုင်တဲ့ App တစ်ခု က ရေပန်းစားလို့နေပါတယ်။ အဲ့ဒီလို ပြောင်းလဲပြီးကစားကြတဲ့သူတွေထဲမှာ အနုပညာရှင်တွေလဲ ပါသလို ကိုနေတိုးကြီးတစ်ယောက်ကလဲ လွန်ခဲ့တဲ့ ၁၄နှစ်ခန့်က ခင်ပက်ပက်စက်စက်တိုးလေးနဲ့ ပြန်ပြီးမိတ်ဆက်ပေးခဲ့ပြန်ပါတယ်။

နေတိုးက “ကဲ ..ပရိသတ်များအားလုံးမင်္ဂလာညချမ်းပါခင်ဗျာ…👸သူ့နာမည်ကို လွန်ခဲ့တဲ့(၁၄)နှစ်ခန့်က 🌹”နှင်းဆီရင်ခွင်”🌹 အငြိမ့်ထဲမှာပါဝင်ခဲ့တဲ့ ဇာတ်​ကောင်တစ်ခုရဲ့အမည်(ခင်ပတ်ပက်စက်စက်တိုး)လို့အမှတ်တရပေးလိုက်ပါတယ် ပရိသတ်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်မာပြီး​ပျော်ရွှင်ကြပါ​စေရှင် ဟုတ်ပါဘူး…. ခင်ဗျာ..😄😍” လို့ ဆိုကာ ပုံလှလှလေးတွေနဲ့ အတူရေးသားခဲ့ပါတယ်။

အကယ်ဒမီ နေတိုးကတော့ အမျိုးသမီးတစ်ယောက်လို ပြင်ဆင်ပြီး သရုပ်ဆောင်တဲ့အခါမှာလဲ တကယ့်မင်းသမီးကြီးတစ်ယောက်အလား လှပ​ကျော့ရှင်းနေတာကြောင့် မာမီရှိန်း ၊ တာတေကြီး စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလဲ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ ကဲ ခုမြင်နေရတဲ့ ခင်ပက်ပက်စက်စက်တိုး ရဲ့ အလှအပတွေကိုလဲ ပရိသတ်ကြီးက ဝေဖန်ပေးခဲ့ပါအုံးနော်။

Snow(mcc)

(Visited 1678 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ