Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကွာရှင်းပြီးနောက် အရမ်းကိုလှနေတဲ့ အွန်စော

ကိုရီးယားနိုင်ငံမှာသာမက မြန်မာနိုင်ငံမှာလဲအရမ်းလူကြိုက်များ ကျော်ကြားနေဆဲဖြစ်တဲ့ အွန်စောလို့လူသိများတဲ့ ဆောင်းဟေဂျိုဟာ မကြာသေးခင်ကမှ ခင်ပွန်းဖြစ်သူဆောင်းဂျွန်ကီ နဲ့ တရားဝင်ကွာရှင်းလိုက်ပါပြီ။ သူမတို့ဟာ ကွာရှင်းခွင့်ကို ဇွန်လ ၂၇ရက်နေ့က လျှောက်ထားခဲ့ပြီး ဇူလိုင်လ ၂၂ရက်နေ့ က တရားဝင်ကွာရှင်းခဲ့ပြီလို့ သိရပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ဟာ Descendants of the Sun ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ အတူတကွပါဝင်သရုပ်ဆောင်ထားကြပြီး အဲ့ရုပ်ရှင်ဇာတ်ကားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦး တွဲနေကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ခုနှစ် ၊ အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြတာလဲ ဖြစ်ပြီး အိမ်ထောင်သက်တမ်း ၁နှစ်ခွဲခန့်မှာဘဲ ကွာရှင်းလိုက်ကြတာဖြစ်ပါတယ်။

သူမဟာ တရားဝင်ကွာရှင်းပြီးနောက် ပထမဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ Chaumetကျောက်မျက်ရတနာကကျင်းပတဲ့ ဂါလာညစာစားပွဲကို ဆွဲဆောင်မှုအရှိဆုံး ဖက်ရှင်နဲ့ ပရိသတ်တွေဆီရောက်ရှိလာခဲ့တဲ့ ပုံရိပ်တွေကတော့ တကယ့်ကို တည်ငြိမ်အေးချမ်းတဲ့ အလှပိုင်ရှင်ဖြစ်နေပါတယ်။ သူမရဲ့အလှကို တည်ငြိမ်တဲ့အလှကို တွေ့မြင်လိုက်ရပြီဖြစ်လို့ ပရိသတ်တွေ စိတ်ပူပန်နေမှုတွေ အနည်းငယ်လျှော့ပါးခဲ့ရပါတယ်။

ဆောင်းဟေဂျိုဟာ ကျန်ရှိနေတဲ့ အလုပ်လက်ကျန်တွေကိုအပြီးသတ်ပြီးရင်တော့ ၂၀၁၉ နှစ်အကုန်ထိ အနုပညာအလုပ်တွေ ခတ္တရပ်နားခါ အနားယူမယ်လို့လဲကြေညာခဲ့ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးရေ အွန်စောလေးကို ချစ်သေးရင် မျှဝေပေးသွားဖို့ မမေ့နဲ့နော်။

Source – Koreaboo

(Visited 6213 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ