ကွယ်လွန်သူ ရှဲဒိုးရဲ့ ကိုယ်စား သူ့ရဲ့သားလေးကို မိန်းမလိုက်တောင်းပေးခဲ့ကြတဲ့ ရွှေညီကိုများ

တစ်ချိန်က ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ ရွှေညီကို တို့ အဖွဲ့ဟာ အရမ်းကိုအောင်မြင်ခဲ့ပြီး အဲ့ဒီအဖွဲ့မှာဆိုရင် ငြိမ်းချမ်း၊ဝိုင်းချစ်၊ ထက်ထက် ၊ ကောင်းကျော်နဲ့ ရှဲဒိုး တို့က ပါဝင်ခဲ့ ပြီး အဲ့ဒီအဖွဲ့ထဲမှာ ရှဲဒိုးကတော့ လူ့လောကထဲကနေ အစောဆုံးထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ရှဲဒိုး ကွယ်လွန်ခဲ့တာဟာ ၁၀နှစ်နီးပါးရှိနေပြီဖြစ်ပြီး သူ့ရဲ့ တစ်ဦးတည်းသော သားလေး ကတော့ အိမ်ထောင်ပြုရမယ့်အရွယ်ကို ရောက်လာပြီဖြစ်ပါတယ်။

ရှဲဒိုးသားလေးကို သူ့ရဲ့ကိုယ်စားရွှေညီကိုတွေက မိန်းမတောင်းရမ်းပေးခဲ့တဲ့အကြောင်းကို ” သို့ တမလွန်က သူငယ်ချင်း ရှဲဒိုး ??? ဒီနေ့ မင်းရဲ့တစ်ဦးတည်းသောသားလေး ကောင်းဇင်ဟိန်းရဲ့ အချိန်တန်အရွယ်ရောက်လို့ သူချစ်တဲ့ ချစ်သူလေးကို စေ့စပ် တောင်းရမ်းတဲ့ ပွဲလေးကို မင်းကိုသိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း ရဲဘော် ရဲဘက်တွေ မင်းကိုယ်စား မင်းသားလေးမျက်နှာမငယ်ရအောင် သွားပြီး စေ့စပ် တောင်းရမ်းပေးခဲ့တယ်နော် သူငယ်ချင်း ????”

“တို့အထဲက အကိုအကြီးဆုံးဖြစ်တဲ့ ကိုငြိမ်းချမ်းကတော့ ရုတ်တစ်ရက် ဖျော်ဖြေရေးပေါ်လာလို့ မလိုက်ပါနိုင်ခဲ့ဘူးပေါ့ကွာ၊ မင်းရဲ့ကိုယ်စား မင်းရဲ့ သား ငါတို့ရဲ့ သား ကောင်းဇင်းဟိန်းအတွက် ငါတို့ တတ်နိုင်တာလေးတွေ လုပ်ပေး တယ်နော်သူငယ်ချင်း ?????”

“ဒီပွဲမှာ ငါတို့ မင်္ဂလာစကားပြောနေတော့ မင်းသိပ်ချစ်တဲ့ မင်းမိန်းမ သက်မွန်ညွန့် ခေါ် မလှလှညွှန့် မင်းကိုသတိရပြီး မျက်ရည်တွေ ကျနေတာမြင်ရတော့ ငါတို့ ပါမျက်ရည်မကျမိအောင် ထိန်းခဲ့ရတယ် သူငယ်ချင်းရယ် ????”

” (10-11-2019) နေ့မှာ မင်းရဲ့သား မင်္ဂလာဆောင်မှာနော် သူငယ်ချင်း အဲ့ဒီရက်မှာ ပွဲတွေ အသီးသီးရှိနေကြလို့
ငါတို့ လာနိုင်ချင်မှ လာနိုင်မယ်သူငယ်ချင်းရေ မင်းကို ကြိုပြီးတောင်းပန်ပါတယ် သူငယ်ချင်းရယ် ????? အခုလဲ ငါတို့လုပ်ပေးနိုင်တာလေးကို မရှိတော့တဲ့သူငယ်ချင်းအတွက် လုပ်ပေးလိုက်တယ်နော်သူငယ်ချင်း “

“ရွှေညီကိုအဖွဲ့ရဲ့ ရွှေညီအမ တွေပါပါဝင်ပေးခဲ့တယ်နော် သူငယ်ချင်းတမလွန်က အချစ်ဆုံး သူငယ်ချင်း ရှဲဒို (ခ)လှမြင့် (ခ)သာကျော်(ခ)ကျော်ဆန်း ကျေနပ် ဝမ်းမြောက်ပါသူငယ်ချင်း ရေကောင်းကျော် (ရွှေညီကို)အဖွဲ့သားဟောင်း( 3-11-2019)” လို့ ဆိုကာရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိပါတယ်။ ဟာသသရုပ်ဆောင် ရှဲဒိုးကတော့ ဒီဇင်ဘာလ ၂၆ရက်နေ့က ကွယ်လွန်ခဲ့ပြီး လာမယ့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့မှာတော့ ၁၀နှစ် တိတိပြည့်တော့မှာဘဲဖြစ်ပါတယ်။

Snow(mcc)
Source – Kaung Kyaw’sfb

(Visited 7039 times, 11 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ