ကွယ်လွန်သူ မင်းွေးအတွက် တစ်နှစ်ပြည့် ရည်စူးဆွမ်းကပ်လှူဒါန်း

ပရိသတ်တွေချစ်တဲ့ အဆိုတော် ၊ သရုပ်ဆောင် မင်းသွေးဟာ ယနေ့မှာတော့ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်ခဲ့ပါပြီ။ သူဟာ မိသားစုအပါအ၀င် သူ့ကိုချစ်တဲ့ပရိသတ်တွေ၊ သူငယ်ချင်းတွေ ကို မိနစ်ပိုင်းအတွင်း မှာဘဲ ရုတ်တရက်ဆိုသလို ခွဲခွါခဲ့တယ်။ သူကွယ်လွန်ခဲ့တာဟာ အောက်တို ဘာလ ၃ ရက်နေ့ ညကဖြစ်ပြီး ဘောလုံးကန်ရင်းက အမောဖောက်ပြီး လဲကျခဲ့ရာက အသက်ပါ ပါသွားခဲ့ပါတယ်။

မင်းသွေး ဟာ သူကွယ်လွန်ပြီးချိန်မှသာ သူ့ရဲ့ ပထမသုံးဆိုတဲ့သီချင်းခွေထွက်ရှိနိုင်ခဲ့ပြီး သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ မုန်းစွဲ၊ နိုင်ငံကြီးသား စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့ပြီး သူကြိုးစားရိုက်ကူးထားခဲ့တဲ့ သက်ကွင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာလဲ အထိုက်အလျှောက် အောင်မြင်ခဲ့ပါတယ်။

ယနေ့ သူ့ရဲ့ ကွယ်လွန်ခြင်း ၁နှစ်ပြည့် အဖြစ် မိသားစုကလဲအလှူအတန်းနဲ့ ဘုန်ကြီးဆွမ်းကပ် လှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ်။ ယနေ့ထက်တိုင် မမေ့နိုင်သေးတဲ့ ပရိသတ်တွေကလဲ လွမ်းကြောင်းသတိရကြောင်းလေးတွေကို ​ရေးသားထားကြတာကိုလဲ လူမှုကွန်ယက်မှာတွေ့မြင်နေရပါတယ်။

မင်းသွေးရဲ့ချစ်ပရိသတ်တွေက တစ်နှစ်ပြည့် ထိ လွမ်းကြောင်း သတိရကြောင်းလေးတွေပြောပြပေးခဲ့ကြပါဦးနော်။ မျှဝေသွားဖို့ မမေ့ပါနဲ့နော် ။

Snow(mcc)
Source – nyar na’s fb

(Visited 9951 times, 4 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ