Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကြော်ငြာတွေ အတူတွဲဖက်ရိုက်ကူးနေပြီဖြစ်တဲ့ ယွန်းယွန်း နဲ့ အုပ်စိုးခန့်

မြန်မာနိုင်ငံရဲ့ ပရိသတ်အင်အား တောင့်တင်းတဲ့ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ကလေးသရုပ်ဆောင် ယွန်းယွန်းနဲ့ အဆိုတော်လေးအုပ်စိုးခန့်တို့ဟာ လတ်တလောမှာတော့ D & C myanmar အတွက်ကို ကြော်ငြာရိုက်ကူးနေတယ်လို့သိရပါတယ်။ သူတို့နှစ်ယောက်ဟာ အရမ်းကိုလိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်နေပါတယ်။

သူတို့နှစ်ယောက်ဟာ အုပ်စိုးခန့်ရဲ့ တန်ခူးမေ သင်္ကြန်သီချင်းလေးမှာ အတူတူသရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်တွေ က သူတို့နှစ်ယောက်တွဲနေကြတယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲတွေမှာ အတူတွေ့ရသလို သူတို့ရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်တစ်ချို့လဲ ထွက်ပေါ်လာခဲ့ဖူးပါတယ်။

အုပ်စိုးခန့် နဲ့ ယွန်းယွန်း တို့ကတော့ သူတို့ တွဲနေကြတယ် ဆိုတာကို အတိအကျပြောပြလာချင်းတော့မရှိသေးပါဘူး။ ယွန်းယွန်းဟာ အနုပညာမှာလဲ ထူးချွန်သလို ပညာရေးမှာလဲ အလွန်ကိုထူးချွန်သူတစ်ယောက်ပါ။ သူမကို ကြွေနေတဲ့ ကောင်လေးပရိသတ်တွေကတော့ အသည်းတွေကွဲနေကြပြီပေါ့နော်။

ယနေ့မှာတော့ အုပ်စိုးခန့် နဲ့ ယွန်းယွန်း က ထူးအောင် ၊ မေမြင့်မိုရ် တို့နဲ့အတူ D & C myanmar အတွက် ကြော်ငြာရိုက်ကူးနေတဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Snow(mcc)
Source – yoonyoon’sfb

(Visited 8888 times, 4 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ