Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကြည့်လို့ရတယ် ထိလို့မရဘူးလို့ သတိပေးလိုက်တဲ့ အိမ်စည်

ပြည့်သူ့အခ်စ္ေတော် နိုင်ငံကျော် မော်ဒယ်မင်းသမီး ရွှေအိမ်စည်ဟာ တစ်နေ့တခြားပိုပိုပြီး လှလာပါတယ်။ သူမဟာ အသက်အရွယ်နဲ့ မလိုက်အောင်ကို ရင့်ကျက်တည်ငြိမ်သူလေးပါ။ လောကဓံရဲ့ ထိုးနှက်တဲ့ ဒဏ်တွေကိုလဲ ခံခဲ့ရပြီး ဝေဖန်မှုတွေ ၊ ပုတ်ခတ်မှုတွေ၊ ထိုးနှက်ချက်တွေကြားမှာ အရှုံးမပေးဘဲ ကြိုးစားခဲ့ပြီး ပရိသတ်တွေချစ်တဲ့ ၊အားပေးတဲ့ အိမ်စည် ဆိုတာ ဖြစ်လာခဲ့ပါတယ်။

သူမဟာ အလှမယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ကံဆိုးတက်သလို နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကတော့ ရခိုင်ပြည်နယ် ကိုယ်စားပြုအဖြစ် Miss Golden Land Myanmar 2018 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီး ကိုလဲ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ပေးခဲ့သူလဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အလှမယ်ပြိုင်ပွဲတွေထက် အနုပညာလမ်းကြောင်းပေါ်မှာဘဲ အနုပညာအလုပ်တွေကို လုပ်ကိုင်တော့မယ်ဆိုကာ ရုပ်ရှင်ကားတွေ၊ကြော်ငြာတွေ နဲ့ မော်ဒယ်ရှိုးတွေမှာ သူမကို တွေ့မြင်နေရပါတယ်။ သူမဟာ အဓိကခေါင်းဆောင် မင်းသမီးနေရာကနေ ပထမဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကတော့ “The Naked Ghost @စွဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးဘဲ ဖြစ်ပြီး နောက်ပိုင်းသူမ ဘယ်လိုကားမျိုးတွေ ရိုက်ကူးမလဲ ဆိုတာကိုလဲ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ကြားက သူမက ပရိသတ်ကို အသားယားအောင် သတိပေးစကားလေး ဆိုလိုက်ပါတယ်။ သူရဲ့ သတိပေးစကားလေးက ” You can look but you can’t touch ကြည့်လို့ရတယ် ထိလို့တော့မရဘူး ” ဆိုကာ ရေကူးကန်နားမှာ ရိုက်ကူးထားတဲ့ ပုံလေးနဲ့ အတူ Post လေးတိုင်လိုက်တာလဲ ဖြစ်ပါတယ်။

အိမ်စည့် ကိုချစ်ကြတဲ့ ပရိသတ်ကြီးရေ လှတဲ့သူလေးကို ကြည့်ဘဲကြည့်ကြပါနော်။ အိမ်စည့်ကိုချစ်တဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဖတ်ရှု့သူချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Shweeainsi ‘s fb

(Visited 11760 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ