Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကျွန်မ အတွက် အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါလို့ ဆိုလာတဲ့ အေးမြတ်သူ

ပရိသတ်တွေချစ်တဲ့ အကယ်ဒမီ မင်းသမီးချောလေး အေးမြတ်သူက သရုပ်ဆောင်ပိုင်းမှာကျွမ်းကျင်ပိုင်နိုင်ယုံသာမက ဟာသဉာဏ်ရွှင်သလို အပြင်လောကရဲ့ အပေါင်းသင်းတွေကြားမှာလဲ အရမ်းကို ဖော်ရွေပြီး လူချစ်လူခင် ပေါများလှတဲ့ မင်းသမီးတစ်ဦးပါ။ မိဘကိုသိတက်လိမ္မာသူလဲ ဖြစ်တာကြောင့် မိသားစုရဲ့ ချစ်ခင်မှုကိုလဲအပြည့်အ၀ ရရှိထားသူတစ်ယောက်ပါ။ သူမ မှာ လိုအပ်နေတာတစ်ခုကတော့ အပျိုကြီးစာရင်းဝင်မင်းသမီးတစ်ဦးဖြစ်နေတာပါဘဲ ။

သူမက ဘာသာတရားကိုလဲ အလေးထားသလို ကျန်းမာရေးလိုက်စားသူလဲ ဖြစ်ပါတယ်။ လှပတဲ့ သူမရဲ့ အပြင်အဆင်တွေနဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ် အလှတွေကြောင့် အမျိုးသားထုကြီး ကဝန်းရံနေကြတာလဲ ဖြစ်ပါတယ်။ ဒါတွေအပြင် စကားပြောလဲ ကျွမ်းကျင်သူဖြ စ်တာကြောင့် သူမရဲ့ အရေးအသားတစ်ခုကို မှတ်သားဖွယ်ရာအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။

သူမက ယနေ့မှာတော့ သူမရဲ့ အင်စတာဂရမ် အကောင့်မှာ “ ကျမ အတွက် အသက် ဆိုတာ သတ်မှတ်ထားတဲ့ ကိန်ဂဏန်းတခု …. အရွယ်ဆိုတာ ကိုယ့်စိတ်တည်နေရာ နေရာလေးတခု…. အသက်အရွယ် လို့သာ တွဲသုံး တွဲရေး နေတာ အသက်နဲ့အရွယ် ထပ်တူကြတယ်ဆိုတာ တဖြည်းဖြည်း ကိန်းဂဏန်းတိုးလာတာနဲ့အမျှ အဆင်မပြေတော့ဘူး…..”

“ ဒီတော့ ကိန်းဂဏန်းတိုးလာတဲ့ ကျမတို့တတွေ ကိုယ့်စိတ်တည်နေရာလေး မှာ ပေါ့ပေါ့ပါးပါးလေး နေကြရအောင် နော် ..ပေါ့ပျက်ပျက် နဲ့ ပေါ့ပေါ့ပါပါး စာလုံးပေါင်းမတူသလို အဓိပ္ပါယ်လည်း မတူပါဘူးရှင် …သိမ်းထားသင့်တာတွေကို သိမ်းထားရင်း ….ထားခဲ့ သင့်တာတွေ ကို ထားခဲ့ပါ …. ကိုယ်စိတ်တည်နေရာလေးကို အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ကြပါစေရှင် 🙏🙏🙏🙏🙏🙏🙏” လို့ ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

အေးမြတ်သူကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ စာအရေးအသား လှလှလေးတွေ ကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ အကယ်ဒမီအေးမြတ်သူဟာ ၂၀၁၈ခုနှစ်ရဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲ မှာ နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီး ဇာတ်ပို့ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးအထူး တင်ရှိပါတယ်။

Snow (mcc)

(Visited 344 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ