Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

” ကျွန်တော် ခင်ဗျားတို့ ထင်သလိုမဟုတ်ဘူးနော် ” လို့ ဆိုလာတဲ့ ထူးအောင်

အမျိုးသမီးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို ရရှိထားတဲ့ မော်ဒယ်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ထူးအောင်နဲ့ ပိုင်တံခွန်တို့ဟာ POSH မဂ္ဂဇင်း ကာဗာအတွက် ရိုက်ကူးပေးခံပြီး သူတို့ရိုက်ကူးထားတဲ့ပုံတွေကိုကြည့်ပြီး သူတို့နှစ်ယောက် ကြိုက်နေကြတယ်ဆိုပြီးဝေဖန်သူတွေရှိလာပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာအလုပ်တွေ စတင်ချိန်ကစပြီး ဂေးလို့ဆိုကာ Tollerတွေရဲ့ စနောက်ခြင်းကို ခံခဲ့ရတာလဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးကတော့ မိန်းကလေးကိုဘဲ ကြိုက်ပါတယ်လို့ ဆိုကာ ပြောခဲ့ပါတယ်။ သူတို့ရဲ့ သက်ဝင်ပီပြင်လှတဲ့ ပုံတွေကြောင့် ပရိသတ်တွေကို ထင်ယောင်ထင်မှားဖြစ်စေခဲ့တာလဲ ဖြစ်ပါတယ်။ အဆိုပါ ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး ထူးအောင်ကတော့ ” ကျွန်တော် ခင်ဗျားတို့ထင်သလို မဟုတ်ဘူး နော်”လို့ဆိုကာ ရေးသားခဲ့ပါတယ်။

ထူးအောင်ဟာ မော်ဒယ်ဘဝကနေ အနုပညာလောကထဲကိုစတင်ခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးများစွာနဲ့ ဇာတ်လမ်းတွဲတွေမှာလဲ ပါဝင် သရုပ်ဆောင်ခဲ့တာလဲ ဖြစ်ပါတယ်။ ထူးအောင်ရဲ့ပရိသတ်တွေကြားမှာ ကျော်ကြားတဲ့ ထူးခြားချက်ကတော့ အားကိုးစရာကောင်းတဲ့ Body အမိုက်စားကြီး ပိုင်ဆိုင်ထားတာဘဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေအပြင် ထိာင်းမလေးတွေရဲ့ အသည်းကျော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာယခုနောက်ပိုင်းမှတော့ ထိုင်းနိုင်ငံကကျင်းပတဲ့ ပွဲတွေကိုတက်ရောက်နေသလို ကြော်ငြာတွေကိုလဲ ရိုက်ကူးနေပါတယ်။ ပိုင်တံခွန်ရဲ့ ပရိသတ်တွေကြားမှာကျော်ကြားတဲ့ ထူးခြားချက်ကတော့ တိရိစ္ဆာန်လေးကိုချစ်တက်တာ တွေဘဲဖြစ်ပါတယ်။

ယူတို့ရဲ့အချစ်တော် ပိုင်တံခွန်နဲ့ ထူးအောင်တို့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။

Snow(mcc)

(Visited 4221 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ