Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကျွန်တော့အနာဂတ်လေးတွေနဲ့ စင်ကာပူခရီးစဉ် အမှတ်တရ ဆိုတဲ့ လင်းလင်း

ပရိသတ်တွေရဲ့ အချစ်တော် အမွှာလေးတွေဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ဟာ သူတို့ချစ်တဲ့ ဖေဖေမေမေ တွေနဲ့အတူ စင်္ကာပူကို အလည်အပတ်သွားခဲ့ကြပါတယ်။ သူတို့မိသားစုလေးဟာ အနုပညာရှင်နှစ်ယောက်ပေါင်းဖက်ထားတာဆိုပေမယ့် အလုပ်များပြီး အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းအရာတွေက မရှိသလောက်ရှားပါတယ်။ အဖေတလှည့် အမေတလှည့် သမီးတွေကိုအချိန်ပေးပြီး ထိန်းကြောင်းနေတာဖြစ်သလို အားလပ်ရက်တွေမှာလဲ သမီးတွေနဲ့အတူ ခရီးထွက်လေ့ရှိပါတယ်။

ယခုအခါမှာတော့ သူတို့မိသားစုလေးက မကြာသေးခင်က စင်ကာပူမှာသွားရောက် လည်ပတ်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို အပိုင်းတစ်ခုခြင်းစီဖော်ပြသွားမှာဖြစ်ပြီး လက်ရှိမှာတော့ပထမပိုင်း အနေဖြင့် လင်းလင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာ မျက်နှာကနေဖော်ပြပေးလိုက်ပါတယ်။

ပုံလေးတွေနဲ့အတူ သူရေးလိုက်တဲ့ စာသားေးကတော့ “ ကျွန်တော့်ရဲ့ အနာဂတ်တွေနဲ့ မိသားစု စင်္ကာပူခရီး ပုံလေးတွေ My Love , My World , My future( ဒါပထမပိုင်းပုံတွေပါ, ဒုတိယပိုင်း နောက်ရက်လာဦးမည် )” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

ခေတ် နဲ့ သစ်လေးကို ချစ်ကြတဲ့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ကြည့်ရှု့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Htwe Lynn Ko’s fb

(Visited 2245 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ