Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်လာပြီဖြစ်တဲ့ လူရွှင်တော် မန်းဝင်း

ဟာသ လူရွှင်တော် တစ်ယောက်လဲဖြစ်၊ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် လဲဖြစ်တဲ့ ဦးမန်းဝင်းဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်မှုတွေကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရပြီး နောက်ဆုံးမှာ မိသားစုက ဆေးရုံကနေ အိမ်ပြန်ခေါ်ခဲ့ရပါတယ်။ ရက်အတော်ကြာမေ့မျောနေပြီး ယခုရက်ပိုင်းမှာတော့ သတိပြန်လာခဲ့​တယ်လို့သိရပါတယ်။

ဦးမန်းဝင်းက အိမ်မှာနေရင် ပထမနေ့က မျက်လုံးဖွင့်ကြည့်ကာပြန်လည်အိပ်ပျော်သွားခဲ့ပြီး နောက်နေ့မှာတော့ ခေါင်းငြိမ့် ခေါင်းခါ လုပ်ပြလာနိုင်တယ်ဆိုတဲ့အ​ကြောင်းကို သားဖြစ်သူက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ဗီဒီယိုဖိုင်လေးနဲ့အတူရေးသားဖော်ပြခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” စကားမပြောနိုင်ပေမဲ့ ခေါင်းငြိမ့်ခေါင်းခါနဲ့ လက်လေး‌‌တွေခြေထောက်လေးတွေ လှုပ်ရှားလာပြီ စကားကတော့ လည်ပင်းဖောက်ထားလို့ မပြောနိုင်သေးဘူး ဖေကြီးရေ သားမပင်ပန်းပါဘူး” လို့ဆိုကာ သားဖြစ်သူက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းကြောင့် ပရိသတ်တွေ ကလဲ မိသားစုတွေနဲ့ထပ်တူ ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ဦးမန်ဝင်းတစ်ယောက် အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်တွေကလဲ ဆုတောင်း​ပေးကြပါအုံးနော်။

Snow(mcc)

(Visited 4883 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ