Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကျန်ခဲ့တဲ့ ၅နှစ်က cosmetics တစ်မျိုးကြောင့် မျက်နှာပျက်စီးခဲ့ဖူးတယ် ဆိုတဲ့ တိုင်ရွန်

လတ်တလောမှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်လဲဖြစ် ၊ မော်ဒယ်တစ်ဦးလဲဖြစ်တဲ့ တိုင်ရွန်ဟာ အနုပညာအလုပ်တွေစလုပ်ချိန်က သူ့ရဲ့ အတိတ်ကအရိပ်မဲ တစ်ချို့ရဲ့ ခံစားချက်တွေကိုရင်ဖွင့်လာပါတယ်။ သူဟာ တက် သစ်စဖြစ်တဲ့အလျှောက် နာမည်ကြီးတဲ့ Cosmetics တွေကို ဝယ်ယူသုံးဆွဲမိရာက မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားခဲ့ရတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

အဲ့ဒီ အချိန်တုန်းကဆိုရင် သူ့ကို ပရိသတ်တွေက ” မိတ်ကပ်တွေဘာလို့လူးတာလဲ ? တိုင်ရွန်မျက်နှာကစုတ်ပြတ်နေတာဘဲဝက်ခြံတွေနဲ့😔” လို့ဆိုကာ ဝေဖန်ပြောဆိုတဲ့ အခြေအနေကို နှစ်နဲ့ချီ ခံစားခဲ့ရပြီး စိတ်ဓာတ်တွေကျခဲ့ရတယ်ဆိုကာ ပြန်လည်ပျောက်သွားခဲ့ရတဲ့ အကြောင်းအရင်းကိုပါ ထည့်သွင်းရေးသားခဲ့ပါတယ်။

တိုင်ရွန် က” 2015 လောက်က cosmetics တစ်မျိုးကြောင့် ကျွန်တော့် မျက်နှာ အသားရေပျက်စီးသွားတာကို သိတဲ့လူတွေလဲသိကြမှာပါ အဲ့ဒီ cosmetics ကြောင့်လူတော်တော်များများ ဘဝတွေပျက်သွားရတယ် ကျွန်တော်လည်းပါခဲ့တာပေါ့ လုံးဝလူကြားထဲ မသွားရဲလောက်တဲ့အထိ ပျက်စီးသွားခဲ့တယ် အဲ့ ဒဏ်တွေ ကြောင့်လဲ လူတကာ ကဲ့ရဲ့တာခံခဲ့ရတယ် ။ ဝက်ခြံတွေအများကြီးဘဲ မျက်နှာက ဆိုးလိုက်တာ ရုပ်က အပြင်မှာဆိုးလိုက်တာဆိုပြီး စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိ ကျခဲ့ရတယ် “

“အဲ့ချိန်တုန်းက အလုပ်တွေစလုပ်နေရတဲ့ အချိန်ဆိုတော့ မဖြစ်မနေ ဆိုပြီး မိတ်ကပ်တွေလူးခဲ့ရတယ် အရမ်းအရမ်းကိုစိတ်ဓာတ်ကျခဲ့တယ် လုံးဝလဲမလူးချင်ခဲ့ဘူး ပြောစရာဖစ်တာပေါ့ဗျာ အာ့နဲ့ ၆လလောက် အိမ်ထဲ အောင်း ရင်း သေမလိုစိတ်ညစ်ခဲ့ရတယ် ဟိုဆေးခန်း ကု ဒီဆေးခန်းကု သက်သာပေမဲ့လဲ ဝက်ခြံတွေက ဆိုးနေဆဲဘဲ ရိုက်ကူးရေးဆို ယုံကြည်ချက်ကိုမရှိခဲ့ဘူး ၃ ၊၄ နစ်လောက်ကို ခံစားရတယ်။ ဒီလိုနဲ့ ကျွန်တော် ယနေ့လက်ရှိမျက်နှာကို ပြန်ရအောင် ကုပေးခဲ့တာ Gangnam Medical Beauty Center က ဆရာတွေပါ “

“အကြိမ်များစွာ treatment ယူတယ် ဝက်ခြံတွေအရင်ကုတယ် ပြီးတော့ အမာရွတ်တွေချိုင့်ခွက်တွေအမဲစက်တွေအတွက် Baby face treatment ယူတယ် အခုအောက်မှာ ပြထားတဲ့ ပုံက Baby Face treatment လုပ်ထားတဲဲ့ပုံပါ ကျွန်တော် အကြိုက်ဆုံးပါဘဲ လုပ်ပြီး ၇ရက်လောက် တော့ နားရတယ် ဘာမှမလူးရဘူး ပီးရင်ကွာသွားတယ် ကျွန်တော် ၅ကြိမ်လောက် လုပ်ပီးတော့ ယခုလက်ရှိ နောက်ဆုံးပုံက မျက်နှာ ကိုပြန်ရခဲ့ပါတယ် ။ ၁၀၀% မကောင်းသေးပေမဲ့ အတော် အဆင်ပြေသွားပါပြီ make up လဲ မလိုတော့ပါဘူး ကျွန်တော် အပျော်ရွှင်ဆုံးပါဘဲ အပေါ့ပါးဆုံးပါဘဲ ဒီစာလေးက ကျွန်တော် ငွေကြေးကြောင့်ရေးတာမဟုတ်ပါ တကယ် ခံစားခဲ့ရလို့ သက်သာတာကို ညွှန်းပေးတာပါခင်ဗျာ “

“ဆေးခန်းမှာလဲ ပိုက်ဆံပေးကုခဲ့တာပါ တကယ်အဆင်ပြေသွားလို့ ပြန်ပြောပြတာပါ ဝက်ခြံကြောင့် ခံစားရတဲ့ ဒုက္ခကြုံဖူးသူဘဲသိလို့ပါ ကျွန်တော် အကြံပေးလိုတာကတော့ ဝက်ခြံကို ဆေးတွေ အလွယ်တကူသောက် လျှောက်မလူးစေလိုပါ clinic တစ်ခုခုမှာ သေချာကုဖို့လိုပါတယ် ဘယ်မှာကုကုပါ ရေရှည်ကုမှသာ ပျောက်မှာပါ စိတ်ရှည်ရပါတယ် အချိန်တန်ပျောက်ကိုပျောက်ပါတယ် စိတ်ဓာတ်မကျပါနဲ့ နောက်ပြီး cosmetics တွေကိုလျှောက်မသုံးပါနဲ့ ကိုယ့်မျက်နှာနဲ့တည့် ဖို့လိုပါတယ်။ တရား ဝင်တွေကိုသာသုံးပါလို့ပြောရင်း ဗဟုသုတ အဖြစ် ပြောပြလိုက်ပါတယ်ဗျာ “

“တင်ထားတဲ့ပထမပုံလေးက အတော်ပျောက်ကင်းပြီး နောက်ဆုံး ဒီလထဲမှာ treatment ယူထားတဲ့ပုံလေးပါ ။ Ps; မကဲ့ရဲ့မိပါစေနဲ့ လူတစ်ဖက်သားခံရတာရင်ထဲနင့်နေတာပါဘဲ ဘယ်လောက်ကုရလဲ ဘယ်လောက်စိတ်ဆင်းရဲရလဲကိုယ်ဘဲသိပါတယ်။ ခုတော့ အရှင်းမပျောက်သေးလဲ ဒီတိုင်းဘဲ ထွက်တော့တယ် ဘာမှကို မလူးတော့ဘူး ယောက်ျားလေးဘဲ ပြောချင်တာပြောပစေတော့ အေးဆေးဘဲ😛လူတိုင်းအလှကိုယ်စီရှိပါတယ် ” လို့ဆိုကာ သူ့ရဲ့ခံစားချက်နဲ့ အလာတူအဖြစ်မျိုးမကြုံရအောင်လဲ သူက သတိထားပါသေးတယ်။

တိုင်ရွန်ဟာ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပေမယ့် လက်ရှိမှာတော့ အိုက်တင်ကောင်းတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။ သူက ခက်မိုက်မိုက် ဇာတ်ရုပ်တွေ ဂျစ်ကန်ကန် ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်ညီပေမယ့် အပြင်မှာတော့ ပျော်ပျော်နေတက်တဲ့ လူငယ်လေးတစ်ဦးပါ။ တိုင်ရွန်ချစ်တဲ့ ပရိသတ်ကြီးအတွက် သူ့ရဲ့ အကြောင်းလေးတွေကို ရေးသားဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

Snow(mcc)

(Visited 4147 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ