Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကူးစက်ရောဂါ စဝင်လာပြီမို့ ဒီရက်ပိုင်း ကွမ်းယာဆိုင်တွေ ရှောင်သင့်တယ်လို့ ဆိုတဲ့ ကိုဇေသီဟ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရဲ့ မြန်မာနိုင်ငံမှာ Covid -19 စတင်တွေ့ရှိခဲ့ပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်ကြောင်း ပြည်သူအများစုတုန်လှုပ်ခြောက်ခြားခဲ့ကြပါတယ်။ တစ်ချို့ ဆိုရင် ညတွင်း ဈေးဝယ်ထွက်တဲ့အထိတောင် စိုးရိမ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

အဲ့ဒီလို စိုးရိမ်နေကြသူတွေကို ဆောင်ရန်၊ရှောင်ရန် သတိပေးတဲ့အနေနဲ့ ယခုရက်ပိုင်းအတွင်း ကွမ်းစားခြင်းကို ရှောင်ကြဖို့ အကယ်ဒမီသရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဇေသီဟက အခုလိုပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့ပုံက “ကူးစက်ရောဂါ စဝင်လာပြီဆိုရင် ကြောက်စရာအကောင်းဆုံး နဲ့ ကူးစက်မှု အမြင့်ဆုံးထဲမှာ ကွမ်းယာ တစ်မျိုးပါဝင်လိမ့်မယ်လို့ထင်ပါတယ်။ ကွမ်းယာဆိုင်တိုင်းမှာ မှို၊ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် တို့ ရှင်သန်ပေါက်ဖွါးနိုင်တဲ့ ပူနွေးစိုစွတ်နေတဲ့ နေရာတွေ ရှိနေလို့ပါပဲ”

“ရောင်းသူ ဝယ်သူ ထိတွေ့မှု အနီးဆုံး လဲဖြစ်ပြီး ဆိုင်တိုင်း နေရာစုံက လူပေါင်း ရာကျော်ကို နေ့စဉ် ရောင်းချနေတာပါ။ ရောဂါပြန့်ပွါးမှုနှုန်းရော ကွင်းဆက်လိုက်ရခက်ခဲတာရော ကြည့်ရင် ကွမ်းယာဆိုင်တွေကို ဒီရက်ပိုင်း ရှောင်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီရောဂါသတင်းကြားထဲက မစားတော့တာ ၂ ပတ်ကျော် ၃ ပတ်လောက်ရှိသွားပါပြီ” လို့ ဆိုကာ သူကိုယ်တိုင်လဲ ရှောင်ကြဉ်ထားတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ ပြည်ပမှပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားနှစ်ထံမှာ covid-19 ရောဂါပိုးတွေ့ရှိခဲ့ကာ တခြားသော စစ်ဆေးမှုတွေနဲ့ ပျံ့ပွားမှုမရှိအောင် အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်နေကြတယ်လို့လဲ သိရပါတယ်။

Snow(mcc)
Source – zaythiha’sfb

(Visited 4439 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ