Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကုလားကားကို တရားဝင်ပြန်ဝယ်ပြီး ရိုက်ကူးထားတယ် ဆိုတဲ့ ညစ်တွန်း

ပရိသတ်တွေကြားမှာ ပြောစရာ တစ်ခုဖြစ်နေတဲ့ ညစ်တွန်းရုပ်ရှင်ဇာတ်ကားဟာ ကုလားကားတစ်ကားကို ပြန်လည်ကူးယူရိုက်ကူးထားတယ်ဆိုတဲ့ ဝေဖန်မှုတစ်ခုဘဲဖြစ်ပါတယ်။ အဆိုပါ ဝေဖန်မှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ညစ်တွန်းအဖွဲ့သားတွေက ပြန်လည်ဖြေရှင်းထားသလို ကိုလူမင်းကလဲ ပြောပြခဲ့ဖူးတာရှိပါတယ်။ သူဟာ ဒီရုပ်ရှင်ဇာတ်ကားကို အိန္ဒိယနိုင်ငံအထိ သွားရောက် ဝယ်ယူခဲ့ကာ Official Remake ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့လဲ သိရပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ညစ်တွန်း ဖေ့စ်ဘုတ်ပေ့ချ်မှာတော့ ”လေးစားချစ်ခင်ရပါသော ပရိတ်သတ်ကြီးရေ ညစ်တွန်း ဇာတ်ကားဟာ Official Remake ဖြစ်ပြီး ဇာတ်ညွှန်းကို တရားဝင် ဝယ်ယူကာ မြန်မာမှုပြု ပြန်လည် ပြင်ဆင်ရိုက်ကူးခဲ့ကြောင်း မရိုက်ခင်ရော၊ ရုံမတင်ခင်ရော မီဒီယာများစွာ ရှေ့မှာ တရားဝင်ဖြေကြားထားပြီး ဖြစ်လို့ ချစ်ပရိတ်သတ်ကြီး အနေနဲ့ Comment တွေမှာ လက်ညောင်းခံပြီး မေး မနေပါနဲ့တော့ .. နော် ✌🏼✌🏼✌🏼မင်မင်လည်း ပြန်လည်ဖြေရှင်း ပြောပြရလွန်းလို့ မောနေပါပြီ. 😩😓” လို့ဆိုပြီးရေးသားထားခဲ့ပါတယ်။

ဒီညစ်တွန်း ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး သရုက်ဆောင်လူမင်း ” ကော်ပီဟုတ်ခြင်း ၊မဟုတ်ခြင်းဆိုတာကတော့ အမြင်ချင်းနည်းနည်းလေးတော့ကွာမယ် ၊ သူများကားကို မပြောမဆိုဘဲ ခိုးချပြီးတော့ ကိုယ့်ကားလိုလိုရိုက်လိုက်တာမျို းကို ရှုံ့ချတဲ့ပရိသတ်တွေလည်းရှိတယ်လေ ၊ ကိုယ်တို့ကတော့ပြောရမယ်ဆိုရင် ဖားတုလို့ ခရုခုန် ပေါ့” လို့ဆိုကာ ပြောပြသွားခဲ့ပါတယ်။

တကယ်တော့ အောင်မြင်ပြီးသားရုပ်ရှင်ဇာတ်ကားကြီးတွေကို ပြန်လည်ရိုက်ကူးကြတယ်ဆိုတာနိုင်ငံတကာမှာ လဲရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာလဲ နာမည်ကြီးခဲ့တဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ F4 ရုပ်ရှင်ဇာတ်ကားကြီး ဆိုရင်လဲ ကိုရီးယားမှာအရင်ရိုက်ကူးပြီး တရုတ်၊ ဂျပန် စသဖြင့် ပြန်လည်ရိုက်ကူးခဲ့တာ တွေလဲ ရှိပါတယ်။ တကယ် copy ဆိုတာတိုင်း ခိုးချလိုက်တာမဟုတ်ဘူး ဇာတ်ညွှန်းကိုဝယ်ကာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပြန်လည်ပုံဖော်ရိုက်ကူးတာပါ။

အဲ့လိုမျိုးရိုက်ကူးမှုတွေက နိုင်ငံတကာမှာ ရှိပြီး ဒါကို မြန်မာပြည်ကပရိသတ်တွေ နားလည်သဘောပေါက်စေချင်ပါတယ်။ဒါကြောင့် ဝေဖန်မှုတွေမစောဘဲ ကြည့်ရှု့ပြီး မှသာအကောင်းအဆိုး ဝေဖန်ပေးစေချင်ပါတယ်။

Snow (MCC)

(Visited 441 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ