Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကုန်ထမ်းလုပ်သားတွေအတွက် ညနေစာထမင်း လှူဒါန်းခဲ့တဲ့ ဖွေးစိန်တို့မိသားစု

ဖွေးဖွေး ဟာ အကယ်ဒမီ ၃ဆုကို ပိုင်ဆိုင်ထားရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမဟာ အေးချမ်းပြီး စိတ်ထားပြည့်ဝတဲ့ မင်းသမီးလဲဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းမှာလဲ အရှုပ်အရှင်းကင်းသလို ပရိသတ်တွေကြားမှာလဲ ပရိသတ်ချစ်ခင်အားပေးခြင်းခံရတဲ့ မင်းသမီးတစ်ယောက်ပါ။ သူမဟာ လက်ပံရုပ်ရှင်ဇာတ်ကား၊ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး မကြာသေးမှီကကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ဆုချီးမြှင့် ပွဲကြီးမှာလဲ ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွင်းမှာ ရုံတင်ခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းထဲမှာ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား စာရင်းမှာ အများဆုံးဖြစ်ပြီး ယခုနှစ်ရဲ့ နှစ်အစမှာလဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကား ၃ကားရုံတင်ပြသပြီးဖြစ်ပါတယ်။ အဆိုပါကားတွေကတော့ ကြာတော့သည်လဲမောင့်စကား၊ လှပ်၍လွင့်သော ၊ ဘယ်ညာ ဘယ်ညာ စတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေ ရုံတင်ပြသနေခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ဆောင်နေပေမယ့် ကားမတော်တဆမှုဖြစ်ထားတာကြောင့် ကျန်းမာရေးအခြေအနေကတော့ အရှင်းကြီး မကောင်းသေးဘူးလို့လဲ သိရပါတယ်။

သူမဟာ ယခုနောက်ပိုင်းမှာဆိုရင် မိသားစုလိုက် ပရဟိတတွေလဲ လုပ်ဆောင်လာတာကို တွေ့မြင်ရမှာပါ။ ယနေ့မှာတော့ ဝါးတန်းဆိပ်ကမ်း က ကုန်ထမ်းလုပ်သားတွေအတွက် ညနေစာ ထမင်းနဲ့ လှူဒါန်းခဲ့တယ်ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ “ ညနေစာပဲမှီတော့မယ် ..လှူမို့ ဝါးတန်းဆိပ်ကမ်းက ကုန်ထမ်းမောင်များ သို့ အိမ်ချက် ကြက်သားဟင်း+ထမင်း ဖွေးတို့ Family donation လေးပါပဲ.. No plastic box ဒီခါစက္ကူဘူးပဲ… ကိုယ်တိုင်တော့ မလိုက်တော့ဘူးနော်. .(ဆရာဝန်သွားပြရမှာမို့) ?? ခုလွှတ်လိုက်ပါ့ပြီ ဟရို့ !!” ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

ဖွေးစိန်ရဲ့ ချစ်ပရိသတ်ကြီးရေ ဖွေးတို့မိသားစုလေးရဲ့ အလှူအတွက် သာဓုခေါ်ပေးလိုက်ကြရအောင်နော်။ ဖတ်ရှု့ပေးတဲ့ချစ်ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Snowpiki(MCC)

(Visited 1863 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ