Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုအောင်ဇော် အတွက် အမှတ်တရစကားပြောပေးကြတဲ့ အနုပညာရှင်တစ်ချို့

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ကိုအောင်ဇော်ဟာ ဇူလိုင်လ ၂၁ရက်နေ့က ရုတ်တရက်ကွယ်လွန်ခဲ့ပြီး ယနေ့ ၂၃ရက်နေ့မှာတော့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဂူသွင်း သဂြိႋုလ်ခဲ့ပါတယ်။ အနုပညာသမားတစ်ဦး ဆုံးရှုံးလိုက်ရတာဖြစ်လို့ လုပ်ဖော်ကိုင်ဖက်တွေက စိတ်မကြောင်းဖြစ်နေကြပါတယ်။ သူတို့နဲ့ ကိုအောင်ဇော်ကြားက ပတ်သက်မှုတွေကို ပြောပြထားတဲ့ အနုပညာရှင်တွေရဲ့ ဝမ်းနည်းမှတ်တမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ရုပ်ရှင်အတူရိုက်ကူးဖူးပါတယ် ဆိုတဲ့ ဟန်ထူးဈာန်က ” စိတ်တွေတော်တော်မကောင်းဖြစ်မိတယ်ဗျာ ဇာတ်လမ်းတွဲရိုက်တော့ ပုပ္ပါး မှာ အတူတူပျော်ခဲ့ အလုပ်တွေအတူတူလုပ်ခဲ့တာမှမကြာသေးဘူးဗျာ အခန်းမျက်နှာချင်းဆိုင်ကနေ ညညဆို အခန်းကိုလာလည်ပြီး ဆုံးမစကားလေးတွေပြောပြီး သရုပ်ဆောင်ပိုင်းကိုပါ မြဲသင်ပေးနေတဲ့ ဦး Shooting ကိုမုန့်တွေအမြဲဝယ်လာပြီး အဖွဲသားတွေအားလုံးကိုစေတနာတွေအပြည့်နဲ့လိုက်ကျွေးတတ်တဲ့ဦး ဦး သားလေး နဲ့ရွယ်တူမလို့ တဲ့ကြိုးစားဖို့အားပေးရင်း သားအရင်းတယောက်လို အရမ်းဂရုစိုက်ပေးခဲ့သေးတယ်

ဦးသားလေးက ဦးကို အထင်လွဲစိတ်ဆိုးနေပြီး Profile ကိုအမဲကြီးပြောင်းလိုက်လို့တဲ့ မျက်ရည်တွေဝဲပြီး ညနက်ကြီး လာရင်ဖွင့်ရင်း စကားတွေအကြာကြီးပြောခဲ့ကြသေးတယ် ပြောမကုန်တဲ့ အမှတ်တရတွေအများကြီးပါ နေ့မြင်ညပျောက်ဆိုစကားက ပြောတော့သာလွယ်တာ တကယ်ကြုံတွေရတော့ အောင့်သက်သက်ကြီးပါလား

မှော်ပလ္လင် ဇာတ်လမ်းတွဲကြီးက ကျွန်တော့် ဘဝမှာ တသက်လုံးအမှတ်ရစရာကြီးဖြစ်စေပြီး ပြသတဲ့အချိန်မှာလည်း ဝမ်းနည်းသတိရမှု့တွေနဲ့ကြည့်ရတော့မှာလား စိတ်ထားကောင်းတဲ့ ဦးတထွာန ကြီး ကောင်းရာဘုံဘဝကိုရောက်မှာကျိန်းသေပါတယ်” လို့ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

အရမ်းချစ်ရတဲ့ အကိုကြီးပါ ဆိုတဲ့ ဇာနည် က ” စူးရှညီလေးနဲ့မသိခင်ထဲကသိခဲ့တယ်…အကိုကျွန်တော်မန္တလေးရောက်ပြီလို့သာဖုန်းဆက်လိုက် အရင်ဆုံးသူရောက်လာပြီး ပြန်တဲ့နေ့မှသာပြန်တဲ့ ငါ့အကို…ဟိုနေ့က ခင်ဗျားပဲ ၂၇ ရက်နေ့နေပြည်တော် ပွဲအတွက် စူးရှလေးနဲ့ ၂၅ရက်ထဲ က ကြိုပြီးဆင်းလာခဲ့မယ် ညီလေးဆို…အခုကရုတ်တရက်ကြီးဗျာ…ဘယ်လိုဖြစ်ရတာလဲဗျာ…ရန်ကုန်ရောက်ရင် အကိုတို့သားအဖ ဒီတစ်ခေါက် ငါ့ညီနဲ့ မတွေ့ရတာ ကြာလို့် ငါ့ညီဆီမှာပဲ တည်းမယ်ဆို…မအူပင်ပွဲ ၃၁ ပြီးမှ အေးဆေးပြန်မယ်ဆို…

ဟိုကောင်မ သတ္တိမ ကိုပြောလိုက်ပါဦးဆို…အကိုပြောခိုင်းတာပြောတော့ပြောလိုက်ပါ့မယ်…ဒါပေမယ့် အကိုပြောခိုင်းသလိုတော့ပြောလို့မရတော့ဘူးလေ…အကိုကျွန်တော်တို့ကို အပြီးထားသွားပြီ လို့သူ့ကို ကျွန်တော်ပြောလိုက်ပါ့မယ်…အကိုရေ…အကို့သားအကို့်ကို အရမ်းချစ်တယ်ဗျ.. သူဖုန်းဆက်တယ်…အကိုရေအဖေဆုံးသွားပြီ တဲ့…သားမျက်စိရှေ့တင်ဖြစ်သွားရတာ အကိုရာ ဆိုတဲ့သူငိုနေတဲ့အသံမှာအကို့ကိုသူဘယ်လောက်လေးစားတန်ဖိုးထားချစ်တဲ့အသံကသိပ်သိသာတယ်အကို…သူအကို့ကိုသိပ်ချစ်တယ်ဗျ…” ဆို ကာ ရေးသားပြီး ယူကြုံးမရဖြစ်နေရှာပါတယ်။

မင်္ဂလာဆောင်ကို ဘယ်လိုဖိတ်ရတော့မှာ လဲ ဆိုတဲ့ ချစ်စနိုးဦး ကတော့ ” မင်္ဂဆောင်ကျငါ့ကိုဖိတ်ဦးနော်တဲ့ ပြောသွားတဲ့ငါ့အကို ဒီနေ့မှခရီးကပြန်ရောက်တော့ အမေကပြောတယ်အကိုဆုံးသွားပြီဆိုတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်အကိုရေ … ကားတွေအများကြီးတူတူရိုက်ခဲ့ပြီးစိတ်ကောင်းရှိတဲ့ငါ့အကို ကောင်းရာသုဂတိလားပါစေ ….????” လို့ ဆိုပြီး ဆုတောင်းပေးလိုက်ပါတယ်။

” ကိုအောင်ဇော် ခင်ဗျ ားနဲ့ကျွန်တော် ဇာတ်ကားတွေအတူတူ ရိုက်ခဲ့ဖူးတယ်။ ခင်ဗျားနဲ့ကျွန်တော် တာမွေမှာ တစ်လမ်းထဲ အတူတူနေခဲ့ဖူးတယ်။ ခင်ဗျားနဲ့ကျွန်တော် အရက်အတူတူသောက်ခဲ့ ဖူးတယ်။ ခင်ဗျားနဲ့ကျွန်တော် ခရီးတွေအတူတူသွားခဲ့ဖူးတယ်။ကျွန်တော်တို့လင်မယား ရန်ဖြစ်ရင် အိမ်ပေါ် တက်လာပြီး ပြေရာပြေကြောင်း ပြောပေးခဲ့ဖူးတယ်။ ခင်ဗျားနဲ့ကျွန်တော် အစည်းအရုံးဘောလုံးအသင်းကို အတူတူဦးဆောင်ခဲ့ဖူးတယ်။ ခင်ဗျားနဲ့ကျွန်တော် အစည်းအရုံးဘောလုံးအသင်းမှာ သဘောထားတွေကွဲလွဲခဲ့ဖူးတယ်။

ခင်ဗျားနဲ့ကျွန်တော် တွေ့ရင် စကားမပြောဖြစ်အောင်ထိ စိမ်းသွားခဲ့ဖူးတယ်။ ဘာတွေဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ပါ။ ခင်ဗျားရဲ့ သတင်းကြားလိုက်ရတော့ ရင်ထဲ တစ်မျိူ းကြီးခံစားလိုက်ရတယ်။ ခင်ဗျားက ကျွန်တော့ထက် ၃ နှစ်ပဲ ကြီးတာလေ။တကယ်ဆို ခင်ဗျားငယ်သေးတယ်ဗျာ။ သွားနှင့်လိုက်ပါ ကိုအောင်ဇော်ရေ။ ကောင်းရာ ဘုံဘဝမှာ ခင်ဗျ ား ရှိနေပါစေလို့ဆုတောင်းပါတယ် ” လို့ဆိုပြီး လဲ ဒါရိုက်တာ ကိုပေါက် ကပြောပြထားပါသေးတယ်။

ဖတ်ရှု့မိကြတဲ့ ပရိသတ်ကြီးရေ ကိုအောင်ဇော်အတွက် ဆုတောင်းပေးလိုက်ကြပါဦး။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source- zarni’sfb,chitsnowoo’sfb, hanhtoozan’sfb, ကိုပေါက် ဖေ့စ်ဘုတ်

(Visited 890 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ