Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုသားကြီးကို အစားပြန်ရလိုက်သလိုပါပဲ ရဲတိုက်ရယ် လို့ ချီးကျူးလိုက်တဲ့ သားညီ

မကြာခင်မှာ ပြသတော့မှာဖြစ်တဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို အနုပညာရှင်အများစုက ချီးကျူးထောပဏာ ပြုနေကြ ပါတယ်။ အဲ့ဒီကားထဲမှာ တကယ့်ကို ဒိတ်ဒိတ်ကြဲမင်းသား ၃ယောက် ဖြစ်တဲ့ ရဲတိုက်၊ ရွှေထူး ၊ ဒေါင်းတို့နဲ့ အတူ နိုင်ငံကျာ် မင်းသမီး ဝတ်မှုံရွှေရည်တို့က ပါဝင်ပါဝင်သရုပ်ဆောင်ထားပြီး အရမ်းကို ခံစားရမယ့် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တယ် လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားကို ဇူလိုင်လ ၆ရက်နေ့ ညက အကြိုပြသခဲ့ပြီး အနုပညာရှင်ပေါင်းများစွာ တက်ရောက် ခဲ့ကြပါတယ်။

အဲ့ဒီအနုပညာရှင်တွေထဲမှာမှ သားညီနဲ့ ယုန်လေးတို့က ရဲတိုက်ရဲ့သရုပ်ဆောင်မှုကို ခုလိုတွေချီးကျူးခဲ့ကြပါတယ်။ သားညီကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အကိုဖြစ်သူ ဒွေးကိုသတိရမိပြီး ရဲတိုက်ရဲ့သရုပ်ဆောင်မှုတွေက ဒွေးကိုပြန်မြင်နေရသလိုဘဲလို့တောင်ပြောခဲ့ပါတယ်။ သူက “ ကိုသားကြီးကို အစားပြန်ရလိုက်သလိုပါပဲ ရဲတိုက်ရယ် …ဒီည ရုပ်ရှင်ကြည့်နေတဲ့တစ်ချိန်လုံး ဒါကိုပဲတွေးနေမိတာ …မျက်လုံးတွေ မျက်လုံးတွေ တူလိုက်ကြတာဗျာ၊ တိုက်ဆိုင်လွန်းတာက July 11 မှာ ဒွေး ဆိုတဲ့ သရုပ်ဆောင် တစ်ယောက်ကို ခေါ်သွားခဲ့ပြီး …July 11 မှာပဲ ရဲတိုက် ဆိုတဲ့ အမိုက်စား သရုပ်ဆောင်တစ်ယောက်ကို ပရိတ်သတ်ကို ပြန်ပေးလိုက်သလိုပါပဲ” လို့ ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

ယုန်လေးကတော့ “IDOL ရေ .ဆက်လက်ပြီးကြည်ချင်ပါသေးတယ် အလုပ်လည်း တွဲလုပ်ချင်ပါသေးတယ် အရာရာ အဆင်ပြေပါစေ ဒီကားကိုရုံထဲ မရောက်ရောက်အောင်လာမှာ ရဲတိုက်ကြောင့်ပါ” လို့ ဆိုပြီး ရေးသားခဲ့ပြန်ပါတယ်။

သူတို့တွေရဲ့ ညွှန်းအားတွေက ပရိသတ်တွေကို အရမ်းစိတ်ဝင်စားစေမှာပါ။ ပုံမှန်အားဖြင့် ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်း တွေကိုဘဲ မြင်ရလေ့ရှိပြီး ဒီဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးကတော့ ၄ပွင့်ဆိုင်အချစ်ဇာတ်လမ်းလို့သိရပါတယ်။ ဘယ်သူနဲ့ ညားလို့ ဘယ်သူ့က အသဲကွဲမလဲဆိုတာကို ပရိသတ်ကြီးက သိချင်နေကြမှာပေါ့နော်။ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၁ရက်နေ့ တစ်နိုင်ငံလုံး မှာရုံတင်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Source – Yone lay’sfb, thar nyi’sfb

(Visited 1029 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ