Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုသက်တန့် ကြီးဆုရသွားတဲ့အတွက် ကျေးဇူးတင်စကားဆိုခဲ့တဲ့ နေတိုး

ပရိသတ်တွေရဲ့ အချစ်တော် ကိုနေတိုးဟာ ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards ဆုချီးမြှင့်ပွဲမှာ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားနဲ့ Best Actor In A Leading Role Award ဆုကို ထိုက်ထိုက် တန်တန်ရရှိခဲ့ပါတယ်။ ယခုနှစ်မှာဆိုရင် မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့သာ ပရိသတ်တွေက အကယ်ဒမီ ရစေချင်ခဲ့ကြတာဆိုပေမယ့် ယခု Star Awards ဆုပေးပွဲကြီးကနေ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားနဲ့ ဆုပေးလိုက်မှသာ ဒီဇာတ်ကားမှာလဲ နေတိုးသရုပ်ဆောင်ထားတာ အရမ်းကောင်းခဲ့တယ်ဆိုတာကို သတိထားမိခဲ့ကြပါတယ်။

အဆိုပါဇာတ်ကားမှာ နေတိုးဟာ ဇာတ်ရုပ်နှစ်မျိုးနဲ့ သရုပ်ဆောင်ခဲ့ရပြီး သဘာဝကျကျ သရုပ်ဆောင်ထားတာကိုလဲ တွေ့မြင်ရမှာပါ။ နေတိုးဟာ ဆုရရှိခဲ့ပေမယ့် လက်ရှိမှာတော့ မွေးရပ်မြေမှာ အလှူသွားလုပ်နေတာကြောင့် Star Awards ဆုချီးမြှင့်ပွဲကို မတက်ရောက်ခဲ့တာလဲ ဖြစ်ပါတယ်။ ဒါကြောင့် သူဆုရရှိခဲ့တဲ့အပေါ် ပရိသတ်တွေနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး တိမ်တိုက်တံတား ရဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့စဉ်က ပုံရိပ်တွေကို ဖော်ပြပေးခဲ့တယ်။

သူပြောခဲ့တာကတော့ “ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားမှ ကိုသက်တန့် ကြီးဆုရသွားတဲ့အတွက် ဒီရုပ်ရှင်ကိုဖြစ် မြောက်အောင် ဖန်တီးရိုက်ကူးပေးခဲ့သူများနဲ့ ထုတ်လုပ်သူများအပါအဝင် ခံစားအားပေးခဲ့ကြသော ပရိသတ်များ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…ပရိသတ်များအတွက်ဆက်လက်ကြိုးစားပါဦးမည်…နေတိုး” ဆိုကာပြောပြခဲ့ပါတယ်။


ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးကလဲ နေတိုးအတွက် ဂုဏ်ပြုစကားလေး ပြောပြပေးခဲ့ပါဦးနော်။

Snowpiki(MCC)

(Visited 882 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ