Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုရိုနာ ကြောင့် အိမ်ပြင်မထွက်ပေမယ့် ပန်းရောင်တဲ့ ကလေးတွေကို စိတ်ပူလို့ Mask နဲ့ Hand Gel သွားလှူခဲ့တဲ့ Oasix

မန္တလေးပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်တဲ့ အဆိုတော် Oasix ဟာ လက်ရှိ ကိုရိုနာ ဗိုင်းရပ်စ် ကိုကာကွယ်တဲ့ အနေနဲ့ အိမ်ထဲမှာဘဲ နေပြီး အပြင်မထွက်ပေမယ့် ပန်းရောင်းနေကြတဲ့ကလေး ကို အန္တရယ်ကင်းစေဖို့အတွက် သတိရသွားပြီး သူတို့အတွက်လိုအပ်တာတွေကို ညတွင်းချင်း သွားရောက်လှူ ဒါန်းဖြစ်ခဲ့ကြောင်းပြောပြလာခဲ့ပါတယ်။

အဲ့ဒါကတော့ ” တစ်နေကုန် အပြင်မထွက်ဖြစ်ပဲ ညရောက်တော့ ဒိကလေးတွေ တန်းသတိရသွားတယ် အဲဒါနဲ့ Mask တွေရယ်..Hand Gel တွေရယ် ရတဲ့ဆီကဝယ် လမ်း ၆၂x၃၅ ထောင့်ကကလေးတွေကို ဘယ်လိုပုံစံဂရုစိုက်ဖို့မှာ သတိထားဖို့ ပန်းရောင်းပြီးတိုင်း လက်ဆေးဖို့ မှာခဲ့တယ် နောက်ရက်လည်း တတ်နိုင်သလောက် Mask ရယ် Hand Gel ရယ် လှူ ဦးမယ်ခင်ဗျာ အတ္တမကြီးကြပါနဲ့ ကူညီကြပါ ဂရုစိုက်ကြပါ…*p.s ပန်းတွေ အကုန်ဝယ်လိုက်ပါတယ် အိမ်ပြန်စေချင်လို့ပါ” လို့ ဆိုကာ ပုံတွေနဲ့အတူရေးသားခဲ့ပါတယ်။

ဒါ့အပြင် ပရိသတ်တွေကိုလဲ ” မလိုအပ်ရင် အပြင်မထွက်ကြပါနဲ့ 🙏🏽 အချင်းချင်း ကူညီဖို့ မမေ့ပါနဲ့ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး အပြင်မထွက်ခြင်းနဲ့ တတ်နိုင်သမျှ ကူညီကြပါစို့..လက်ဆေးဖို့ မမေ့ပါနဲ့” လို့ ဆိုကာ သတိပေးစာလေးလဲ ရေးသားခဲ့ပါတယ်။

အဆိုတော် Oasix ဟာ နင် ဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပြီး မမေ့ဆေး သီချင်းကတော့ လူငယ်တွေကြား အတော်လေးကိုအောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ Oasix ကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့ သူပြောသလို အပြင်မထွက်ဘဲ အိမ်မှာဘဲနေကြနော်။

Snow(mcc)
Source – Oasix’sfb

(Visited 936 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ