Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုယ့်ကိုယ်ကို ချစ်ဖို့ မ​မေ့ပါနဲ့ ဆိုတဲ့ နီနီခင်ဇော်

ပြိုင်ပွဲတစ်ခုကိုအခြေတည်ကာ အနုပညာလောကထဲ ရောက်ရှိလာခဲ့တဲ့ အဆိုတော်နီနီခင်ဇော် ဟာ လက်ရှိမှာတော့ မြန်မာဂုဏ်ဆောင်တစ်ယောက်အဖြစ် နိုင်ငံတကာမှာပါ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ ။ သူက အချစ်ရေးနဲ့ပတ်သက်လို့ သီချင်းတွေမှတစ်ဆင့် ဖော်ပြလေ့ရှိသူပါ။ သူ့အချစ်သီချင်း အလွမ်းသီချင်းတွေတိုင်းကလဲ ပရိသတ်တွေအရမ်းကိုကြိုက်နှစ်သက်ကြပါတယ်။

ယခုအခါမှာတော့ နီနီဟာ သူချစ်တဲ့ ပရိသတ်တွေကို ကိုယ့်ကို ကိုယ်ချစ်တက်ကြပါလို့ ဆိုကာ ” လူတ​ယောက်ရဲ့ ချစ်ခြင်း မုန်းခြင်းကို ကျမ မ​မျှော်လင့်​တော့ပါဘူး…..အချစ်ဆိုတာ……မျှော်လင့်လို့မှ မရတာမျိုး​လေ….ကိုယ်ဘယ်​လောက်ချစ်ချစ် ဘယ်​လောက်​ကောင်း​ကောင်း တန်ပြန် ရနိုင်ဖို့က မင်းဟာ မှန် တချပ်မှမဟုတ်ခဲ့တာ….”

“ဒါ​ကြောင့်မို့ ကိုယ်မဟုတ်တဲ့ တပါးသူ အ​ပေါ် မမှီခိုရတဲ့ ​ပျော်ရွှင်ခြင်းမျိုး လိုချင်မိတယ်။ အဲ့ဒါ …. ကိုယ့်ကိုယ်ကို…. ကိုယ့်ချစ်ရတဲ့သူအ​ပေါ် ချစ်သလို ဂရုစိုက်ပြီး ချစ်ခြင်းပါပဲ ။ ကိုယ့်ကိုချစ်ဖို့ ဂရုစိုက်ဖို့ ​ကျန်းမာ​အောင်လှပ​အောင်​နေဖို့ မ​မေ့ပါနဲ့” လို့ဆိုကာ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

ပရိသတ်တွေချစ်တဲ့ နီနီခင်ဇော်ဟာ သူရဲ့ ခက်ခဲလှတဲ့ ဘဝကို အရိုးရှင်းဆုံးဖြတ်သန်းပြီးချိန်မှာတော့ သူ့ရဲ့ အောင်မြင်မှုတွေဟာ ယနေ့ချိန်မှာတော့အတိုင်းထက် အလွန်ပါဘဲ ။ နီနီခင်ဇော်ကို ချစ်တဲ့ ချစ်ပရိသတ်တွေက သူပြောတဲ့ ကိုယ့်ကိုကိုယ်ချစ်ကြပါဆိုတာလေးကို မမေ့ကြပါနဲ့နော်။

Snow(mcc)

(Visited 321 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ