Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုယ်အားမပေးတဲ့သူကို အားမပေးရင်နေပါ မတိုက်ခိုက်ပါနဲ့ လို့ ဆိုကာ နှုတ်ဆက် ခဲ့တဲ့ ယောကီး

ပရိသတ်အားပေးမှုပြင်းထန်ခဲ့တဲ့ မြန်မာအိုက်ဒေါပြိုင်ပွဲကြီးဟာ ယနေ့မှာတော့ ပြိုင်ပွဲဝင်တစ်ဦးကို နှုတ်ဆက်ခဲ့ရပါပြီ။ Myanmar idol season 4 ပြိုင်ပွဲကြီးဟာဆိုရင် Top 5 အဆင့်မှ Top 4 အဆင့်သို့ ပြိုင်ပွဲဝင် ၄ဦးကိုသာခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးကို တော့ ပြိုင်ပွဲကနေ နှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။

ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ သူကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်ချစ်တဲ့ ယောကီးဘဲဖြစ်ပါတယ်။ သူကတော့ Top 4 အထိမပါဝင်ခဲ့ပေမယ့် Top 5 အထိပါဝင်ယှဥ်ခွင့်ရခဲ့တာကတော့ တကယ့်ကို ချီးကျူးစရာကောင်းပါတယ်။

ယောကီးရဲ့ ပရိသတ်တွေကတော့ သူ့အတွက်စိတ်မကောင်းဖြစ်နေရှာပါတယ်။ ယောကီးကတော့ အပြုံးလေးနဲ့ဘဲ နှုတ်ဆက်သွားခဲ့ကြတာဘဲ ဖြစ်ပါတယ်။ သူက နှုတ်ဆက်စကားမှာတော့ သူ့ရဲ့ ဖြစ်စေချင်တဲ့ အကြောင်းအရာတစ်ချို့ကို ပြောပြလာခဲ့ပါတယ်။

” ကျွန်တော်အရမ်းခံစားခဲ့ရတဲ့ ခံစားချက်ပေါ့နော် အဲ့ဒါကတော့ တစ်ယောက်ကိုအားပေးတယ် နောက်တစ်ယောက်ကိုအားမပေးရင်လဲ ဒီတိုင်းထားလိုက်ပါ မတိုက်ခိုက်ဖို့ ကျွန်တော်အရမ်းပြောချင်ပါတယ် ဘာလို့လဲဆိုတော့ တိုက်ခိုက်ခံရရင် ခံစားတဲ့သူဘဲ သိတတာ ပြောတဲ့သူက ဒီတိုင်း လွှတ်ခနဲပြောသွားတာ ၊ကျွန်တော်က အရမ်းခံစားရတယ် ” လို့ဆိုကာ ပြိုင်ပွဲဝင်တွေအားလုံးကိုယ်စား ပရိသတ်ကိုတောင်းဆို ခဲ့ပါတယ်။

Snow(mcc)

(Visited 7307 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ