Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုယ်ပိုင်သံစဉ်ဖြစ်ပါလျက် အသိအမှတ်မပြုခံရလို့ စိတ်မကောင်းဖြစ်နေတဲ့ နီနီ၀င်းရွှေ

မြန်မာသံစဉ် နဲ့ သီချင်းကြီးတွေမှာ နာမည်ကြီးကျော်ကြားလှတဲ့ တေးသံရှင် နီနီဝင်းရွှေဟာ myanmar idol ရဲ့ လုပ်ရပ်တစ်ချို့ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်းကို ပြောပြလာရင်း သူမ အိုက်ဒေါကို မကြည့်ဖြစ်တော့ဘူးဆိုတဲ့ အကြောင်းတွေကိုလဲပြောပြလာခဲ့ပါတယ်။ သူမရဲ့အရမ်းကို နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေး ကိာ သီဆိုယှဥ်ပြိုင်ခဲ့ပြီး မူရင်းပိုင်ရှင်နာမည်ကို မကြေညာဘဲ ပြန်လည်သီဆိုသူရဲ့ နာမည်ကိုသာ ကြေညာခဲ့တာကြောင့် အရမ်းကိုစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

သူပြောပြခဲ့တာကတော့ ” ညီမအငယ်တိုးတိုး message မှာ Myanmar idol နောက်ဆုံး final ရောက်ခါနီးပြီ သွားအားပေး‌နေတယ်ဆိုတာ‌ ‌ပြောထားတာတွေ့ရတယ် ဒါနဲ့ ခဏကြည့်လိုက်တယ် တိုက်တိုက်ဆိုင်ဆိုင် နီနီ ဆိုထားတဲ့ ရုပ်ရှင်ဇာတ်ဝင်တေး ကို သီဆို‌နေတာ‌ ‌တွေ့ရတယ် ဆက်ကြည့်ပါတယ် အဲ့ဒီမှာ‌ပြောသွားတာက သမီးနှင့်အမေများ ရုပ်ရှင်ကို ဘယ်နှစ်ခုနှစ်မှာ ဘယ်သူ,ဘယ်သူတွေ ပါဝင် သရုပ်ဆောင်ပြီး တေးရေး တေးဆို စန္ဒယားလှထွဋ် ရဲ့ မြင့်မိုရ်ထက်မြင့်သေားနေရာ သီချင်းကို ပြန်လည်သီဆိုသူ ……လို့ ‌ပြောသွားပါတာပါပဲ ‌”

” စင်ပေါ်မှာ‌ပြောတဲ့လူကို အပြစ်မမြင်ပါဘူး သူ့အနေနဲ့ ဒီသီချင်းက တော်တော်အလှမ်းဝေးမယ် ထင်လို့ပါ Music ပိုင်းတာဝန်ယူတဲ့လူနဲ့ပဲဆိုင်ပါတယ် စိတ်မကောင်း ဖြစ်သွားပြီး အခုအချိန်ထိ ဆက်မကြည့်တော့ပါဘူး မှန်သော စကားပါ။ စန္ဒယားလှထွဋ် ‌ရေး တီးပြီး သမီးနင့်အမေများရုပ်ရှင်အတွက် နီနီ မူရင်း သီဆိုထားသူပါ ဒီသီချင်းကရုပ်ရှင်ရဲ့ title song ပါ နောက်တစ်ပုဒ်ရှိပါသေးတယ် အမေပျောက်ကိုလိုက်ရှာတဲ့နေရာ အတွက်ဆိုထားတာပါ အဲဒီနောက် ဒီသီချင်းအာင်မြင်ပြီး လူ ကြိုက်များခဲ့သလို ရုပ်ရှင်ဇာတ်ကားအနေနဲ့လည်းအောင်မြင်ခဲ့ပါတယ် မင်းသမီးမြင့်မြင့်ခိုင်, မို့မို့မြင့်အောင် အကယ်ဒမီရရှိခဲ့ပါတယ် ”

“ဒီသီချင်းကို နီနီ US ထွက်လာပြီး‌နောက်ပိုင် စန္ဒယားလှထွဋ်ကိုယ်တိုင် သူ့ CD မှာ ပြန်လည်သီဆိုခဲ့ပါတယ် သိသလောက်ပြန်လည်သီဆိုသူ အမျိုးသမီး တေးသံရှင် ငါးယောက်လောက်ရှိပါတယ်။ ဒါရိုက်တာ ကြည်စိုးထွန်း ကျန်းမာစွာရှိပါသေးတယ်,ရုပ်ရှင်မင်းသမီးတွေလည်းရှိပါသေးတယ်, still နီနီကိုယ်တိုင်လည်း USA မှာ မိသားစုနဲ့အတူ အသက်ရှင် နေထိုင်လျှက်ရှိပါသေးတယ်။ ဘာ‌ကြောင့် အခုလို ဖြစ်တာလည်းနီနီမသိပါဘူး အခုလို‌ရေးရတာကလည်း ‌တေးချစ်သူများ‌အတွက် ဘာသီချင်းအသစ်မှထပ်မထွက်နိုင်သေးတာကိုတောင် နားလည်ခွင့်လွှတ်ပြီး ဒီနေ့အထိ ချစ်ခင်အားပေးနေတဲ့ နီနီ့ ပရိတ်သတ်တွေ‌ကြောင့်ပါ” လို့ ဆိုကာ ရေးသားထားတာဖြစ်ပါတယ်။

မြန်မာအိုက်ဒေါနဲ့ နာမည်ကြီးအဆိုတော်တွေကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခုလိုဖြစ်နေပါပြီ။ မူလပိုင်ရှင်တွေကို အသိပေးဖို့ ပရိသတ်တွေကလဲ လိုလားကြသလို ပိုင်ရှင်တွေကိုလဲ လေးစားရာရောက်ပါတယ်။

ဖတ်ရူ့ပေးကြသူတွေကိုကျေးဇူးအထူးတင်ရှိပါတယ်။

snow(mcc)

(Visited 10910 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ