Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုယ်တိုင် အပင်ပန်းခံ ဆောက်လုပ်ထားတဲ့ အိမ်လေးကို ထုတ်ကြွားလိုက်တဲ့ ချမ်းချမ်း

ပရိသတ်တွေချစ်တဲ့ အဆိုတော် ချမ်းချမ်းဟာ သူချစ်တဲ့မိသားစုတွေကို အကောင်းဆုံးထားနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေသူတစ်ယောက်ပါ။ သမီးလေးနဲ့အတူ ပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းရင်း သူမရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ အိမ်သစ်လေးတစ်လုံး ကို ကိုယ်တိုင်အပင်ပန်းခံပြီးဆောက်လုပ်ပြီးခဲ့ပြီ ဖြစ်တဲ့အကြောင်းကို ပုံလေးတွေနဲ့အတူ ရေးသားဖော်ပြလာခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” သန်လျင်ကအိမ်လေးအခုမှပြင်လို့ပြီးတယ်..အိမ်ကိုသန့်ရှင်းရေးမလုပ်နိုင်သေးဘူး..ဒါပေမဲ့ပျော်တယ်.အပင်ပန်းခံပြီး..ဆောက်ထားတဲ့အိမ်လေးပြီးသွားလို့ပျော်တယ်…သမီးလေးအတွက်ရေကူးကန်လေးလဲပီးသွားလို့ပိုပျော်တယ်…အိမ်ပတ်ပတ်လည် ဝရံတာလေးတွေ ထည့်ထားတော့စိတ်ချမ်းသာတယ်…” လို့ ဆိုပြီးလဲ ရေးသားခဲ့ပါတယ်။

ချမ်းချမ်းဟာ melody world သီချင်းပြိုင်ပွဲအစီအစဥ်ကနေ ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကို ရရှိခဲ့ပြီး အဲ့ဒီနောက်မှာတော့ တစ်ကယ်ဆိုရင် အချစ်ဘဲလိုတယ်ဆိုတဲ့ သီချင်းထွေထွက်ရှိခဲ့ပြီး အားပေးဝန်းရံတဲ့ ပရိသတ်ပေါင်းများစွာကို ထပ်မံရရှိခဲ့တဲ့ အဆိုတော်တစ်ဦးလဲ ဖြစ်ပါတယ်။

ချမ်းချမ်းကို ချစ်တဲ့ ချစ်ပရိသတ်တွေက ချမ်းချမ်းရဲ့အိမ်သစ်လေးဆီ ခဏအလည်သွားရအောင်နော်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 13061 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ