Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုယ်တိုင်ဖန်တီးထားတဲ့ အနုပညာတစ်ခုကိုချပြခွင့်ရတော့မှာမို့ ပျော်နေတဲ့ ခင်လှိုင်

ဟာသသရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင်ကားတွေ များစွားရိုက်ကူးခဲ့သလို လူရွှင်တော် အဖြစ်လဲ ကပြဖျော်ဖြေခဲ့တဲ့ သရုပ်ဆောင်ခင်လှိုင်ဟာ သူ့ရဲ့ စွန့်စားမှုတစ်ခုဖြစ်တဲ့ ဒါရိုက်အဖြစ်ရိုက်ကူးပုံဖော်ထားတဲ့ ချိုးရုပ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီလိုပြသခွင့်ရခဲ့လို့ ပရိသတ်ကိုသူဖန်တီးထားတဲ့ အနုပညာတွေ ပရိသတ်ကြည့်ရှု့နိုင်တော့မှာမို့ အရမ်းကိုရင်တွေတုံပြီး ပျော်ရွှင်ခဲ့ရပါတယ်လို့ ပြောပြခဲ့ပါတယ်။

သူက ” ဒီနေ့ကျွန်တော်ဘဝအတွက်အပျော်ရွှင်ဆုံးနေ့ရက်တွေထဲကရင်တွေတုံနေအောင်ပျော်ရတဲ့အပျော်တွေရသောရက်ပါ ကျွန်တော် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ နှစ်ကားထဲက ချိုးရုပ် ဇာတ်ကားကြီးကိုပြသခွင့်ပြုလိုက်ပါပြီ ပြသခွင့်ပြုပေးခဲ့သော မင်္ဂလာ Group မှတာဝန်ရှိလူကြီးမင်းများကိုအထူးကျေးဇူးတင်ပါတယ်”

” ကျွန်တော့်ကိုယုံကြည်စွာဖြင့်အနုပညာဖန်တည်းတင်ပြခွင့်ပေးခဲ့သောအောင်သီရိရုပ်ရှင်ထုပ်လုပ်ရေးကိုလဲအထူးကျေးဇူးတင်ပါတယ် ချစ်မိတ်ဆွေတို့ရေ ကျွန်တော်တတ်သမျှမှတ်သမျှကြိုးစားထားတဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး 17.10.2019 မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာပြသပါတော့မယ် အားပေးဝန်းရံ အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ” လို့ ဆိုပြီးလဲ သူရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ချိုးရုပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်များဖြစ်ကြတဲ့ မြင့်မြတ်၊တိုင်ရွန်၊ ခင်လှိုင်၊ဂျိုကာ၊ ကြက်ဖ၊ ညီနန္ဒနဲ့ အိချောပိုတို့က ပါဝင်သရုပ်ဆောင်ထားကြတာဘဲ ဖြစ်ပါတယ်။

Snow (MCC)

(Visited 1582 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ