Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည်ရှိကြတဲ့ ရွှေမှုံရတီ နဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့လက်ခံအားပေးမှုကိုရရှိထားပြီး တစ်ယောက်တစ်မျိုးစီ အောင်မြင်မှုတွေကိုယ်စီနဲ့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနေကြတဲ့ ရွှေမှုံရတီ နဲ့ နေခြည်ဦးတို့ဟာ ယနေ့မှာတော့ ကိုယ်စီအမိုက်စားပုံတွေကို သူမ တို့ရဲ့ အကောက်တွေကနေ တင်လာကြပါတယ်။ ရိုက်ကူးမှုခြင်း နေရာဒေသခြင်းကွာခြားနေပေမယ့် သူတို့နှစ်ဦးရဲ့ အသားပေးရိုက်ကူးတဲ့ ပုံစံချင်းတူနေတာကြောင့် မင်းသမီးနှစ်ယောက်ကို အတူယှဉ်တွဲပြီး ဖော်ပြလိုက်တာဖြစ်ပါတယ်။

သူတို့နှစ်ဦးမှာ ရွှေမှုံရတီကတော့ အသက်အငယ်ဆုံးအောင်မြင်တဲ့ မင်းသမီးတစ်ဦးအဖြစ် နာမည်ကြီးခဲ့ပြီး နောက်ပိုင်းမှာတော့ အမိုက်စားဖက်ရှင်တွေ ရေကူးဝတ်စုံတွေနဲ့ ဓါတ်ပုံတွေကြောင့်လဲ ရေသူမ ဆိုပြီး နာမည်ကြီးခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတေ့ာ သူမဟာ ရွှေထူးနဲ့ ဖူးစာပါခဲ့ပြီး လက်ထပ်ခဲ့ကြတာလဲ ဖြစ်ပါတယ်။ သူမရဲ့အောင်မြင်မှုတွေကတော့ လက်ထပ်ပြီးသားဖြစ်ပေမယ့် ယနေ့ချိန်ထိ လှပနုပျိုနေဆဲ ဖြစ်နေတာကို ပရိသတ်ကြီး တွေ့မြင်ရမှာပါ။

နောက်ထက်တစ်ဦးကတော့ Beauty Blogger မလေးအဖြစ် ပရိသတ်တွေကြား နာမည်ကြီးခဲ့ရာမှ ယခုအချိန်မှာတော့ နာမည်ကြီးမင်းသမီးတစ်ယောက် ဖြစ်နေပါပြီ။ ရန်သူရုပ်ရှင်ဇာတ်ကားကြီး ကိုရိုက်ကူးခဲ့ပြီးနောက်ပိုင်းမှာ တော့ ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူးနေရပြီဘဲဖြစ်ပါတယ်။ သူမကလဲ ယုံကြည်ချက်အပြည့်နဲ့ ဘဝကိုအကောင်းဆုံးလျှောက်လှမ်းနေသူဘဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုတဲ့ အချက်ချင်းတူကြတဲ့ သူတို့နှစ်ယောက်က ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို အတူရိုက်ကူး ခဲ့ကြဖူးပါတယ်။ ပရိသတ်တွေ ကိုယ်စီရှိနေကြပြီးသားဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ အမိုက်စားပုံတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ကိုယ့်ရဲ့ idolရဲ့ ပုံလေးတွေကို မျှဝေပေးသွားကြပါဦးနော်။

Source – Shwe Mhone Yadi’sfb၊ Nay Chi Oo’sfb

(Visited 998 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ