Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုဗစ် ဆိုတဲ့ ငနဲသားက ကျနော်တို့အားလုံးရဲ့ အိမ်တံခါး ဝ ကို ချောင်းကြည့်နေပါပြီ လို့ သတိပေးလိုက်တဲ့ လင်းလင်း

မန္တလေးသားလေး အဆိုတော် လင်းလင်းဟာ မန္တလေးမှာသာမက မြန်မာတပြည်လုံးက ချစ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ အဆိုတော် သရုပ်ဆောင်ချစ်သုဝေ နဲ့ လက်ထပ်ခဲ့ကြပြီး တစ်တိုင်းပြည်လုံးကချစ်တဲ့ ခေတ်နဲ့ သစ်ဆိုတဲ့ အမွှာလေးနှစ်ယောက်ကို မွေးဖွားပြီးနောက်မှာတော့ သူတို့အနုပညာရှင်နှစ်ယောက်ထက် လူချစ်လူခင်ပိုများခဲ့ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ ရှေ့သွားနောက်လိုက် အရမ်းညီကြပြီး အလှူအတန်းတွေလဲ တက်ညီလက်ညီလှူ ကြပါတယ်။ ယခုအခါမှာလဲ သူတို့တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ ကိုရိုနာ ဗိုင်းရပ်စ် အတွက် သူတို့တက်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းခဲ့ပါတယ်။ ဒါအပြင် ပရိသတ်တွေကို လင်းလင်းက သတိပေးစကားဆိုခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” လူကလုပ်တဲ့ ပိုးဘဲဖြစ်ဖြစ်, သဘာဝကပေးတဲ့ ပိုးဘဲဖြစ်ဖြစ် , သေချာတာကတော့ ‘ကိုဗစ်’ ဆိုတဲ့ငနဲသားဟာ ကျနော်တို့အားလုံးရဲ့ အိမ်တံခါး,ဝ တွေကို ချောင်းကြည့်နေပါပြီ။ ကျနော်တို့ကလေးတွေကို မမြင်လို့ မဖြစ်ဘူး၊ ကျနော်တို့ အမေအဖေတွေကိုလဲ မမြင်ပါစေနဲ့၊ ကျနော်တို့ချစ်တဲ့သူတွေကို မမြင်ပါစေနဲ့။ ဒီ့အတွက် ကျန်းမာရေးအစောင့်အရှောက် သူတော်ကောင်းများရဲ့ ရှေ့တန်းကို အားဖြည့်တဲ့အနေနဲ့ ထွက်စရာမလိုတဲ့လူတွေဟာ အပြင်မထွက်ခြင်းအားဖြင့် ကူညီပေးကြရအောင်ပါ”

“တစ်နေ့လုပ်မှတစ်နေ့စား အခြေခံလူတန်းစားတွေရဲ့ လိုအပ်ချက်တွေအတွက်တော့ အားလုံးရဲ့ အတူတစ်ကွစုပေါင်းအားနဲ့ ကျနော်တို့ တစ်လှမ်းချင်းလှမ်းသွားကြရအောင်ပါ။ ဒီရောဂါကြီးပြီးသွားတဲ့အခါ ဒီရောဂါကြီးကြောင့် ကျနော်တို့ လဖေ့ရည်ဆိုင်စားပွဲဝိုင်းမှာ လူလျော့နေတာမျိုးမဖြစ်ချင်ဘူး။ မိသားစုထမင်းဝိုင်းမှာလဲ ပိုနေတဲ့ထမင်းပုဂံလဲမရှိချင်သလို, လိုနေတဲ့ဆုတောင်းသံလဲ မရှိချင်ပါ။ ကြည့်မရလို့၊အဆင်မပြေလို့ အပြင်မှာတွေ့တာနဲ့ ရိုက်မယ်,ထိုးမယ်ဆိုပြီး ငြိုးထားတဲ့ င,တ တွေလဲ လွင့်စင်မသွားစေချင်ဘူး။ ဘောလုံးချိန်းပွဲတွေမှာ လူစုံတက်စုံပြန်မြင်ချင်သလို, ကျုံးဘေးမှာထိုင် နန်းတွင်းကြီးကို အပြင်ကကြည့်ပြီး ‘တောက်’ အတူတူခေါက်ခဲ့ကြတဲ့ သူငယ်ချင်းတွေလဲ လူစုံပြန်တွေ့ချင်ပါသေးတယ်”

“၂၀၂၀ဘဲဖြစ်ဖြစ် ၂၀၂၁,၂၂, ၂၀၂၅ ဘယ်ချိန်ဘဲဖြစ်ဖြစ်၊ ရောဂါကြီးပြီးသွားတဲ့အချိန် ကျင်းပမယ့်ရွေးကောက်ပွဲမှာ NLD ပါတီအတွက်မဲဆွယ်ရှိုးပွဲတွေလုပ်ရင်း တစ်ခြားပါတီမျိုးစုံက မဲဆွယ်ရှိုးပွဲတွေနဲ့ မျက်နှာချင်းဆိုင် တစ်ပွဲတစ်လမ်းအကဲစမ်းချင်သေးတယ်။ အဲဒီအတွက် ဒီအချိန်မှာကျုပ်တို့လဲ လူလျော့လို့မဖြစ်သလို ခင်များတို့လဲ လူမလျော့အောင် နဖူးစည်းနဲ့ ပါတီတံဆိပ်တွေကို နတ်စင်အောက်ခဏထိုးထည့်ပြီး သုံးပေအကွာကနေ ဆဲဆိုရင်း ဆရာဝန်,သူနာပြုများနဲ့ ကိုယ်ကျိုးစွန့်ပရဟိတ သမားများကို ငွေအား,လူအား နိုင်သလောက်အတူတူကူညီကြရအောင်”

“စုပေါင်းအားနဲ့ အခြေခံအကျဆုံး လူတန်းစားမိသားစုတွေကိုဘယ်ခေါင်းစဉ်အောက်ကလူတွေဘဲဖြစ်ဖြစ် အတူတစ်ကွ၊အတတ်နိုင်ဆုံး အလှူ နဲ့ကူပြီး အတူသွားကြရအောင်ပါ ” လို့ ဆိုကာ သတိပေးစကားတွေ၊ တိုက်တွန်းစာတွေကို ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးအနေနဲ့ လင်းလင်းစာသားတွေကို လက်ခံသဘောကျတယ်ဆိုရင် မျှဝေသွားဖို့ မမေ့ပါနဲ့နော် ။ ပရိသတ်အပေါင်း ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးကြပါစေနော်။

Snow(mcc)
Source – htwe lyn ko’sfb

(Visited 558 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ