Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ကိုဗစ်ကာလကို ထပ်တိုးလိုက်ခြင်းကြောင့် မွေးနေ့မလုပ်နိုင်တော့ပါဘူး ဆိုတဲ့ ဘန်နီဖြိုး

သီချင်း ချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ထိထိမိမိရောက်ရှိသွားအောင် ဖန်တီးသီဆိုတက်တဲ့ အဆိုတော် ဘန်နီဖြိုးဟာ မကြာခင်မှာ ကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့နဲ့ပတ်သက်ပြီး မိတ်ဆွေအပေါင်းအသင်းတွေကို ကြေညာချက်လေးထုတ်လိုက်ပါတယ်။ အဲ့ဒါကတော့ Covid 19နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ကြေညာချက်လေးပါ။

သူ​ကြေညာလိုက်ပုံက ” ကျွန်တော် Bunny Phyoe ၏မွေးနေ့မှာ ဇူလိုင်လ ၉ ရက်နေ့ဖြစ်ပါသည်။ ကနဦးအစတွင် မိမိ၏မွေးနေ့ပွဲအား စားတော်ဆက်ကြီးတစ်ခုခုတွင် မိတ်ဆွေအစုံအလင်အားဖိတ်ကြားလျက် အလျှံအပယ်တည်ခင်းဧည့်ခံမည်ဟုစဥ်းစားစီစဥ်ထားသော်လည်း…”

“အောက်ပါကြေညာချက်အရ မည်သည့်သူငယ်ချင်း မိတ်ဆွေကိုမျှ ကျွေးမွေးခြင်းအမှုမပြုနိုင်တော့ကြောင်း ဝမ်းနည်းစွာအသိပေးအပ်ပါသည်ခင်ဗျာ။ လက်ဆောင်ပစ္စည်းများကို delivery ဖြင့်သာပို့ပေးပြီး မိတ်ဆွေတို့လည်း အိမ်မှာတွင်နေထိုင်၍ကျန်းမာရေးဂရုစိုက်ကြပါရန် စေတနာမေတ္တာထားနှိုးဆော်အပ်ပါသည်ခင်ဗျာ😌ပုံ/18 နှစ်ပြည့်တော့မည့်ချာတိတ်” လို့ဆိုကာ နောက်ပြောင်လိုက်ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလဲ သူ့ရဲ့ လက်ဆောင် များ Delivery နဲ့ပို့လိုက်ပါဆိုတဲ့ အစီအစဥ်ကိုအရမ်းသဘောကြခဲ့ကြပြီး comment တွေမှာနောက်ပြောင်ထားခဲ့ကြပါတယ်။ ကယ် ဘန်နီရဲ့ပရိသတ်တွေကတော့ ပို့ကြမယ်လို့ထင်ပါတယ်နော်။

ပရိသတ်ကြီးလဲ လက်ဆေးကြဖို့မမေ့ပါနဲ့၊ နောက်ပြီး mask တွေလဲ အပြင်ထွက်တိုင်း တပ်သွားကြပါနော်။ ဖတ်ရှုပေးကြလို့ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 329 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ