ကိုတိုး ဇာတ်ရုပ်အတွက် ယောကျ်ားလျာ ပီသအောင် ပြင်ဆင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိမြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်သမီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင် ကာရိုက်တာတွေ စုံလင်အောင်သရုပ်ဆောင်နိုင်သလို သူမရဲ့သရုပ်ဆောင်မှုတိုင်းကလဲ ယခုနှစ်ထဲမှာတော့ သူမရဲ့ လုပ်ကွက်ရတဲ့ကားတွေ ရုံတင်ပြသနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ကိုတိုး အဖြစ် သရုပ်ဆောင်ထားတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ခြေသွက်လက်သွက်နိုင်ပြီး ယောင်္ကျားတွေနဲ့တန်းတူ အလုပ်လုပ်နိုင်သူ ၊ ရွာအတွက်စေတနာကြီးသူပီပီ အားမနာတမ်းပြောဆိုတတ်သူ၊ မဟုတ်မခံစိတ်ရှိသူ၊ ရွာကျောင်းအတွက် မရှိမဖြစ်အရေးပါသော ကျောင်းဆရာများထဲမှတစ်ယောက်ဖြစ်သူ အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အဲ့ဒီ ကိုတိုးရဲ့ ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်ဖို့အတွက် ဝတ်စားဆင်ယင်ပုံတွေကအစ အသေးစိတ် ပြင်ဆင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အဲ့ဒီပြင်ဆင်ခဲ့ပုံတွေကိုပရိသတ်တွေကြည့်ရူ့ခံစားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားဟာ နိုဝင်ဘာလ ၇ ရက်နေ့ မှစပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရုံတင်ပြသတော့မှာဖြစ်လို့ ချစ်တဲ့ပရိသတ်တွေက အားပေးဝန်းရံကြပါဦးလို့ ။

Snow (mcc)
Source – eaindra kyaw zin’sfb

(Visited 2287 times, 7 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ